တောင်အာဖရိကဝက်လေး Pigcasso ရဲ့ပန်းချီလက်ရာ

တောင်အာဖရိကဝက်လေး Pigcasso ရဲ့ပန်းချီလက်ရာ

မတ် ၂၅ ။     ။ တောင်အာဖရိကနိုင်ငံ၊ Franschoek မြို့၊ Farm Sanctuary SA တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာမှာ ရှိတဲ့ ဝက်ကလေးဟာ ပန်းချီဆွဲတော်တဲ့အတွက် ၎င်းရဲ့ ပန်းချီကားတွေကနေ ဝင်ငွေတွေရရှိနေတယ်လို့ သိရပါတယ်။

ဝက်ကလေး Pigcasso ဆွဲထားတဲ့ ဒီဇိုင်းနဲ့ ပြုလုပ်ထားတဲ့ နာရီ၊ ပန်းချီကားတွေကို ရောင်းချပြီး ရရှိလာတဲ့ ငွေတွေကို အဆိုပါတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာအတွက် ပြန်လည်အသုံးပြုသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

“သူတို့လေးတွေကို မွေးမြူရေးခြံကနေ ဒီကိုခေါ်လာတာ။ ဝက်လေး Pigcasso ရှိမယ်။ နောက်ဝက်လေးတစ်ကောင်ကတော့ ရိုစီ။ Pigcasso ဆွဲထားတဲ့ ဒီဇိုင်းကို လက်ပတ်နာရီမှာထည့်သုံးထားတယ်။ အရမ်းလည်းလှပါတယ်။ သူ့ပန်းချီပညာလည်း ဒီထက်ပိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။”လို့ အကြီးအကဲဖြစ်သူ ဂျိုအန်းလက်ဖ်စန်က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly