Miss Universe Myanmar 2015 မေဘရဏီသော်၊ Miss Universe Myanmar 2016 ထက်ထက်ထွန်းတို့ အရွေးခံရ

Miss Universe Myanmar 2015 မေဘရဏီသော်၊ Miss Universe Myanmar 2016 ထက်ထက်ထွန်းတို့ အရွေးခံရ
Miss Universe Myanmar 2016 ထက်ထက်ထွန်း နှင့်Miss Universe Myanmar 2015 မေဘရဏီသော်။

ရန်ကုန်၊ အောက်တိုဘာ ၃ ။ ။ Miss Universe Myanmar 2015 & 2016 Final ပြိုင်ပွဲကို Gandamar Grand Ballroom ၌ အောက်တိုဘာ ၃ရက်တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး Miss Universe Myanmar 2015 အဖြစ် အလှမယ် မေဘရဏီသော်က ရရှိခဲ့ပြီး Miss Universe Myanmar 2016 အဖြစ် အလှမယ် ထက်ထက်ထွန်းက ရွေးချယ်ခြင်း ခံခဲ့ရသည်။

Miss Universe Myanmar 2015ကို မေဘရဏီသော်၊ 2nd runner up ကို ချိုချိုထွန်းက ရရှိကာ Miss Universe Myanmar 2016 ကို ထက်ထက်ထွန်းမှ ရွေးချယ်ခံရပြီး 1st runner up ကို အလှမယ် ဟန်လေးက အသီးသီး ရွေးချယ်ခံရပြီး အထူးဆုကို အလှမယ် အိဖြိုးသွယ်က ရရှိခဲ့သည်။

ယင်းအပြင် Miss Famous ဆုကို အလှမယ် ချိုချိုထွန်း ၊ Miss Photogenic by Nobody Jean ဆု Miss Body Perfect ဆု Miss Gorgeous ဆု တို့ကို အလှမယ် ထက်ထက်ထွန်းကရရှိပြီး Miss Beautiful Hair By Palmolice ဆုကို အလှမယ် ဟန်လေးတို့က ရရှိခဲ့သည်။

ဖျော်ဖြေရေး အစီအစဉ် အနေဖြင့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ အောင်ထက်၊ အောင်သီဟ နှင့် Life & Dance တို့မှ ပါဝင် တင်ဆက် ခဲ့ကြသည်။ ဆန်ကာတင် အလှမယ် အယောက် ၂၀ သည် မြန်မာဝတ်စုံ ၊ ရေကူး ဝတ်စုံ၊ ညနေခင်း ဝတ်စုံ တို့ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ကြသည်။

Miss Universe Myanmar ပြိုင်ပွဲ၌ Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 တို့အား Miss Universe Myanmar Organization မှ တစ်ပြိုင်တည်း ရွေးချယ်ခြင်းကို ယခုနှစ်တွင် ပထမဆုံး ပြုလုပ်ခြင်း ဖြစ်သည်။

ယခုနှစ် Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲအတွက် အလှမယ်များကို  ရန်ကုန်မြို့ အပြင် မြို့ ၁၃မြို့ ကိုယ်စားပြု အလှမယ်များကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ရန် City Director များ ခန့်အပ်ပြီး မြို့အလိုက် ကိုယ်စားပြု အလှမယ်များ ရွေးချယ်ခဲ့သည်။

Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲတွင် Miss Universe Myanmar 2015 ရရှိသူကို ကျပ် သိန်း ၁၀၀၊ Miss Universe Myanmar 2016 အတွက် ကျပ် သိန်း ၁၀၀၊ 1st Runner Up ကို ကျပ် သိန်း ၅၀၊
 2nd Runner Up ကို ကျပ် ၂၅ သိန်း ချီးမြှင့်ခဲ့သည်။

Miss Famous ဆုကို ကျပ် ၁၀ သိန်း ၊ Miss Congeniality  ဆုကို ကျပ် ၅ သိန်း နှင့် Gandamar Wholesale မှ Gift Voucher (၅) သိန်း ၊ Miss Photogenic by NOBODY Jean ဆုကို ကျပ် ၁၀ သိန်း ၊ Miss Healthy Skin နှင့် Miss Body Perfect ဆု အတွက်ကို ကျပ် ၁၀ သိန်း နှင့် BSC မှ Gift Voucher (၂) သိန်း ၊ Miss Beautiful Hair by Palmolive ဆု အတွက်ကို ကျပ် ၁၀သိန်း ချီးမြှင့်ခဲ့သည်။

Miss Universe Myanmar Organization မှ စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်မည့် Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲ အကြို National Costume Competition & National Gift Auction ပြိုင်ပွဲကိုလည်း Gandamar Grand Ballroom ၌ ကျင်းပ ပြုလုပ်ခဲ့သေးသည်။ ပြိုင်ပွဲ လက်မှတ် ရောင်းချရငွေ နှင့် National Gift ရောင်းချရငွေများကို Miss Universe Myanmar Organization မှ မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ် နှင့် ကလေးဆေးရုံကြီးသို့ လှူဒါန်းခဲ့သည်။

Miss Universe Myanmar Organization မှ ရုရှားနိုင်ငံ မော်စကို မြို့တွင် ပြုလုပ်သည့် Miss Universe 2013 ပြိုင်ပွဲသို့ အလှမယ် မိုးစက်ဝိုင်ကို စေလွှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ် အတွက် အမေရိကန် နိုင်ငံတွင် ပြုလုပ်သည့် Miss Universe 2014 ပြိုင်ပွဲကို အလှမယ် သျှားထွဋ်အိန္ဒြာ မှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly