တရုတ်ရဲ့ ပိုးလမ်းမ စီမံကိန်းကြီးမှာ ပါဝင်မယ့် ပထမဆုံးသော ဂျီ ၇ နိုင်ငံ အီတလီ ဖြစ်လာ

တရုတ်ရဲ့ ပိုးလမ်းမ စီမံကိန်းကြီးမှာ ပါဝင်မယ့် ပထမဆုံးသော ဂျီ ၇ နိုင်ငံ အီတလီ ဖြစ်လာ

မတ် ၂၄ ။     ။ ပေကျင်းအစိုးရရဲ့ “ပိုးလမ်းမ” စီမံကိန်းကြီးမှာ ပူးပေါင်းပါဝင်ဖို့အတွက် တရုတ်နဲ့အကြား သဘောတူညီချက် ပရိုတိုကော စာချုပ်တစ်ရပ်ကို အီတလီတို့ မတ်လ ၂၃ ရက်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

တရုတ်တို့ရဲ့ ခေတ်သစ် “ပိုးလမ်းမ” စီမံကိန်းကြီးကတော့ အာရှဒေသကနေ ဥရောပအထိ ဖြန့်ကျက်ပြီး သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေး အချိတ်အဆက် လမ်းကြောင်းတွေ ဖော်ဆောင်မယ့် ဧရာမ စီမံကိန်းကြီးလည်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ အီတလီတို့အနေနဲ့ တရုတ်ရဲ့ အဆိုပါ ဧရာမ ပိုးလမ်းမ စီမံကိန်းမှာ ပူးပေါင်းပါဝင်သွားတော့မယ့် ပထမဆုံးသော စက်မှုထိပ်သီး ဂျီ-၇ အုပ်စုဝင် နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။

တရုတ်တို့အနေနဲ့ လက်ရှိအချိန်မှာ ကမ္ဘာ့အလယ်မှာ ယင်းရဲ့ သြဇာကို ပိုမိုကြီးထွားအောင် ဖြန့်ကျက်ဖို့ စိတ်ဆန္ဒပြင်းပြနေချိန် ယခုလိုမျိုး ယင်းရဲ့ စီမံကိန်းကြီးမှာ အီတလီတို့ ပူးပေါင်းပါဝင်ဖို့ ပြင်ဆင်လာခြင်းဖြစ်ပါတယ်။

အီတလီတို့ရဲ့ အဆိုပါ ပူးပေါင်းမှုကြောင့် အမေရိကန်နဲ့ ဥရောပတို့ကိုတော့ စိတ်မသက်မသာ ဖြစ်စေခဲ့ရပါတယ်။

အီတလီမီဒီယာတွေအရဲ့ အဆိုအရ ကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကနေ ၈ ဘီလီယံအကြား တန်ဖိုးရှိတယ်လို့ဆိုတဲ့ နားလည်မှုစာချွန်လွှာ ၂၉ ခု လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတော့ တရုတ် သမ္မတ ရှီကျင့်ဖျင် နဲ့ အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီတို့ တက်ရောက်ခဲ့ကြပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly