ဟောင်ကောင်ဆိပ်ကမ်းအနားမှာ မျောနေခဲ့တဲ့ ဧရာမ လေမှုတ်အရုပ်ကြီး

ဟောင်ကောင်ဆိပ်ကမ်းအနားမှာ မျောနေခဲ့တဲ့ ဧရာမ လေမှုတ်အရုပ်ကြီး

မတ် ၂၄ ။      ။ ကြွက်အသေကောင် တစ်ကောင်နဲ့ ဆင်တူတဲ့ ကြီးမားတဲ့ လေမှုတ်အရုပ်ကြီးတစ်ရုပ် ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်က ဟောင်ကောင် ဗစ်တိုးရီးယားဆိပ်ကမ်း ရေပြင်ထဲမှာ မျောပါနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ယင်း ဧရာမ လေမှုတ်အရုပ်ကြီးကတော့ ပြည်တွင်း ဒေသခံတွေနဲ့ နိုင်ငံတကာ ခရီးသွားတွေရဲ့ အာရုံကို အထူးဆွဲဆောင်နိုင်ခဲ့ပါတယ်။

အရှည် ၃၇ မီတာ (၁၂၁ ပေ) ရှိတဲ့၊ နှစ်ထပ် ဘတ်စ်ကား သုံးစီးရဲ့ အလျားနဲ့ ညီတူလောက် ရှိတဲ့ ယင်း လေမှုတ်အရုပ်ကြီးကတော့ KAWS လို့သိကြတဲ့ အမေရိကန် အနုပညာရှင် Brian Donnelly ရဲ့ လက်ရာ တစ်ခု ဖြစ်ပါတယ်။

ဘောင်းဘီနဲ့ လက်အိတ်တွေ ဝတ်ဆင်ထားပြီး Mickey Mouse နဲ့ တူတဲ့ အဆိုပါ ခဲရောင် လေမှုတ်အရုပ်ကြီးကိုတော့ ဆွဲသင်္ဘောတွေနဲ့ ဆွဲယူလာခဲ့ပြီး ဟောင်ကောင်ဆိပ်ကမ်းနားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ယင်း အရုပ်ကြီးကတော့ မတ်လကုန်မတိုင်ခင်အထိ ဗစ်တိုးရီးယားဆိပ်ကမ်းမှာ ပဲ ဆက်ရှိနေမယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly