နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုများကို စိစစ်ဖော်ထုတ်ပေးရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုများကို စိစစ်ဖော်ထုတ်ပေးရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

ပုသိမ်၊ မတ် ၂၃ ။       ။ နိုင်ငံ့ဝန်ထမ်းကောင်းများအနေဖြင့် အဂတိလိုက်စားမှုဖြစ်ပွားနေမှုများကို စိစစ်ဖော်ထုတ်ပေးရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ပုသိမ်မြို့တော်ခန်းမတွင် မတ်လ၂၃ရက်နေ့က ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ မြို့နယ်နှင့် ကျေးလက်ဒေသအသီးသီးမှာ မိမိဌာနနှင့်ပတ်သက်၍ အဂတိ လိုက်စားမှုဖြစ် ပွားနေမှုများကို စိစစ်ပြီး ဖော်ထုတ်ပေးကြပါ။ သေးငယ်သော လာဘ်ပေးလာဘ်ယူမှုများရှိခဲ့လျှင် နိုင်ငံ့ဝန်ထမ်း ဥပဒေ နှင့်အညီ အရေးနိုင်ဖို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနကို တင်ပြသွားကြဖို့နဲ့  ပိုမိုကြီးမားတဲ့ အဂတိလိုက်စားမှုတွေ ဖြစ်နေခဲ့ရင်တော့ ပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ်သက်ဆိုင်ရာ အစိုးရအဖွဲ့မှတဆင့် ကော်မရှင်သို့ ဆောလျင်စွာ လွှဲပြောင်းပေးကြပါလို့ ပြောကြားလိုပါတယ်”ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည် က ပြောကြားခဲ့သည်။

ထို့အပြင် ဌာနမှ ကျင့်သုံးနေသည့် နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊စည်းကမ်း၊အမိန့်ညွန်ကြားချက်များ ၌ အဂတိ လိုက်စားမှုဖြစ်နိုင်ခြေ အန္တရာယ်များကို တွေ ့ရှိရပါက ပြည်ထောင်စုဝန်ကြီးဌာနCPUနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ အစည်းများကို ကြိုတင်တင်ပြသွားရန်လည်း ဆက်လက်ပြောကြားခဲ့သည်။

“ကျွန်တော်တို႔ နိုင်ငံသည် တစ်နိုင်ငံလုံး အဂတိလိုက်စားမှုပျံနှ့ံဖြစ်ပေါ်နေသောနိုင်ငံတစ်နိုင်ငံအဖြစ် သုံးသပ် အကဲဖြတ်မှုများရှိနေကြသော်လည်း အစိုးရဌာနများအတွင်း၌ဖြစ်စေ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ နှင့် အရပ်ဘက်အဖွဲ႔အစည်းများ၌ဖြစ်စေ အဂတိလိုက်စားမှုကို ပင်ကိုယ်ရိုးသားဖြူစင်သော အသိ စိတ်ဓာတ် ဖြင့်စွဲမြဲစွာ ဆန့်ကျင်သူနေသူများ အများအပြားရှိနေဆဲဖြစ်ပါတယ်”ဟု ဦးအောင်ကြည်က ဆိုသည်။

ပုသိမ်မြို့တော်ခန်းမတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား မတ်လ ၂၃ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ တိုင်းအစိုးရအဖွဲ့ ၊ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
    

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required