ဗလီကျောင်း တိုက်ခိုက်ခံရသော်ငြား နိုင်ငံရှိ မွတ်ဆလင်များအားလုံး ဘေးကင်းစေရမည်ဟု နယူးဇီလန် အာမခံ

ဗလီကျောင်း တိုက်ခိုက်ခံရသော်ငြား နိုင်ငံရှိ မွတ်ဆလင်များအားလုံး ဘေးကင်းစေရမည်ဟု နယူးဇီလန် အာမခံ

မတ် ၂၂ ။    ။ ပြီးခဲ့တဲ့ရက်ပိုင်းက လူအများအပြား သေဆုံးစေခဲ့တဲ့ ဗလီကျောင်း တိုက်ခိုက်မှုတွေ ပေါ်ပေါက်ထားခဲ့ပေမယ့် နိုင်ငံမှာ နေထိုင်လျက် ရှိတဲ့ မွတ်ဆလင်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် လုပ်ဆောင်မှာဖြစ်ကြောင်း နယူးဇီလန်အစိုးရက ထုတ်ပြန်အာမခံလိုက်ပါတယ်။

“ နယူးဇီလန်မှာ ရှိနေတဲ့ မွတ်ဆလင် အစုအဖွဲ့တွေ ဘေးကင်းလုံခြုံမှုကို ခံစားရရှိနိုင်ဖို့အတွက် အထူးအာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာစ်က အစ္စတန်ဘူလ်မှာ ပြုလုပ်တဲ့ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အရေးပေါ်အစည်းအဝေးမှာ အာမခံသွားပါတယ်။

ဗလီကျောင်းတိုက်ခိုက်မှုဖြစ်ပြီး နယူးဇီလန် အာဏာပိုင်တွေရဲ့ တုန့်ပြန်လုပ်ဆောင်မှုနဲ့ပတ်သက်လို့လည်း တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗ်လက် ကာဗူဆိုဂလူက ချီးကျူးသွားပါတယ်။

အဆိုပါ နယူးဇီလန် တိုက်ခိုက်မှုကတော့ အစ္စလမ်ဘာသာအပေါ် တိုက်ခိုက်မှုဖြစ်တဲ့အတွက် နောက်ထပ် မွတ်ဆလင်မုန်တီးမှုတွေကို တန်ပြန်နိုင်ဖို့ အနောက်အုပ်စုဘက်က ပိုမို လုပ်ဆောင်ပေးရေး တူရကီ သမ္မတ ရီဆက် အာဒိုဂန်က တောင်းဆိုသွားပါတယ်။

နယူးဇီလန် ဗလီကျောင်း တိုက်ခိုက်ခံရမှုဖြစ်ပြီး တစ်ပတ်အကြာ မတ်လ ၂၂ ရက်မှာတော့ သေဆုံးသွားသူတွေအတွက် ငြိမ်သက်ဆုတောင်းပွဲတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly