အီဂျစ် ဖာရိုဘုရင် တူတန်ခမန်၏ ရှေးဟောင်းပစ္စည်းပြပွဲ ပြင်သစ်တွင် ကျင်းပမည်

အီဂျစ် ဖာရိုဘုရင် တူတန်ခမန်၏ ရှေးဟောင်းပစ္စည်းပြပွဲ ပြင်သစ်တွင် ကျင်းပမည်

မတ် ၂၂ ။    ။ အီဂျစ် ဖာရိုဘုရင် တူတန်ခမန်ရဲ့ ဂူသချင်္ိုင်းထဲမှာရှိတဲ့ ရှေးဟောင်းပစ္စည်းအချို့ကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ မနက်ဖြန် မတ်လ၊ ၂၂ ရက်ကစပြီး ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။

အဆိုပါ “တူတန်ခမန်၊ ဖာရိုဘုရင်၏ ရတနာ”ပြပွဲမှာ ရှေးဟောင်းပစ္စည်းအမျိုးအစားပေါင်း ၁၅၀ ကျော်ပါဝင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

ခင်းကျင်းပြသသွားမယ့် ရှေးဟောင်းပစ္စည်း ၁၅၀ ကျော်အနက် ၆ဝခန့်ဟာ အီဂျစ်ပြည်မှာပဲ ထိန်းသိမ်းထားခဲ့ပြီး အခြားနိုင်ငံတွေမှာ ပြုလုပ်ခဲ့ဖူးတဲ့ ဖာရိုဘုရင် တူတန်ခမန်ရဲ့ ရှေးဟောင်းပစ္စည်း ပြပွဲတွေမှာ တစ်ခါမှ ပြသခဲ့ခြင်းမရှိတဲ့ အဖိုးတန်ပစ္စည်းတွေဖြစ်ပါတယ်။

တူတန်ခမန်၊ ဖာရိုဘုရင်၏ ရတနာပြပွဲကို မတ်လ ၂၃ ရက်ကနေ စက်တင်ဘာလ ၁၅ ရက်အထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

မနှစ်ကလည်း လော့စ်အိန်ဂျလိစ်မြို့မှာ ဘုရင်တူတန်ခမန်ရဲ့ပြပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ယခုလိုမျိုး တွေ့ရခဲတဲ့ အဖိုးတန်ရှေးဟောင်းပစ္စည်းပြပွဲကို ပြည်ပမှာ နောက်ဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အီဂျစ်ပြည်သွားမှသာ လေ့လာကြည့်ရှုနိုင်မှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

မနက်ဖြန်ကစပြီး စက်တင်ဘာလ၊ ၁၅ ရက်အထိ ပါရီမြို့မှာ ကျင်းပသွားမယ့် တူတန်ခမန်၊ ဖာရိုဘုရင်၏ ရတနာပြပွဲမှာ ဧည့်ပရိသတ် ၁ ဒသမ ၂ သန်းခန့် လာရောက်ကြည့်ရှုလေ့လာမယ်လို့ မျှော်မှန်းထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အီဂျစ်မင်းဆက် ၁၈ ဆက်မြောက် ဖာရိုဘုရင် တူတန်ခမန် (၁၃၃၂-၁၃၂၃ ဘီစီ)ရဲ့ ပိရမစ်ဂူသချင်္ိုင်းဟာ အီဂျစ်နိုင်ငံ၊ လူဆွာမြို့၊ ဘုရင်များတောင်ကြားမှာ တည်ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly