နိုင်ငံအသင်းတွေအတွက် ပြန်လည် ကစားပေးကြမယ့် လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

နိုင်ငံအသင်းတွေအတွက် ပြန်လည် ကစားပေးကြမယ့် လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို
Photos: EPA

အာဂျင်တီးနားရဲ့ လီယွန်နယ် မက်ဆီနဲ့ ပေါ်တူဂီရဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ နှစ်ဦးလုံးဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူတို့ရဲ့ နိုင်ငံတွေအတွက် ကစားပေးဖို့ ရှိနေပါတယ်။

မက်ဆီဟာ မက်ဒရစ်မြို့မှာ ဗင်နီဇွဲလားနဲ့ သောကြာနေ့ ခြေစမ်းပွဲမှာ အာဂျင်းတီးနားအသင်းအတွက် ကစားပေးဖို့ရှိပြီး ရော်နယ်လ်ဒိုကတော့ လစ္စဘွန်းမြို့ အိမ်ကွင်းမှာ ယူကရိန်းအသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲအဖွင့်ပွဲစဉ်အတွက် ပေါ်တူဂီအသင်းရဲ့ လူစာရင်းမှာ ပါဝင်လာပါတယ်။

ကစားသမားနှစ်ယောက်လုံးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးတဲ့နောက်ပိုင်း နိုင်ငံတကာပွဲစဉ် ၆ ပွဲအထိ ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။

ပေါ်တူဂီအသင်းဟာ ရော်နယ်လ်ဒိုမပါဘဲ ယခုနွေရာသီရဲ့ နေးရှင်းလိဂ် (Nations League) ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ နိုင်ငံတကာပွဲပေါင်း ၁၅၄ ပွဲကစားခဲ့ရာမှာ ၈၅ ဂိုးထိ သွင်းယူထားပြီး မတ်လ ၂၅ ရက်မှာ ဆားဘီယားနဲ့ပွဲစဉ်မှာလည်း ပေါ်တူဂီအသင်းအတွက် ကစားပေးဖွယ်ရှိပါတယ်။

အသက် ၃၁ နှစ်အရွယ် မက်ဆီကလည်း နိုင်ငံတကာပွဲပေါင်း ၁၂၈ ပွဲ ကစားခဲ့ပြီး ၆၅ ဂိုးအထိ သွင်းယူးထားပြီး သူဟာ အာဂျင်တီးနားရဲ့ လူစာရင်းမှာ မန်စီးတီးရဲ့ အဂူရို၊ ချယ်လ်ဆီးရဲ့ ဟီဂူအင်နဲ့ အင်တာမီလန်ရဲ့ အိုင်ကာဒိုတို့ မပါဝင်ဘဲ အက်သလက်တီကိုရဲ့ ဝန်ဒါမက်ထရိုလီတာနိုကွင်းမှာ အသင်းအတွက် ကစားသွားမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးများရဲ့ စွမ်းဆောင်ရည်

နာမည်

နိုင်ငံတကာပွဲ အရေည်အတွက်

နိုင်ငံတကာ သွင်းဂိုး

မက်ဆီ

၁၂၈

၆၅

အဂူရို

၈၉

၃၉

ဟီဂူအင်

၇၅

၃၁

ဒီဘာလား

၁၈

အိုင်ကာဒီ

Ref;  BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly