ဘရာဇီးသမ္မတဟောင်း မိုက်ကယ် တီမာ ကို အကျင့်ပျက်ခြစားမှု ဖြင့် ဖမ်းဆီးစစ်ဆေး

ဘရာဇီးသမ္မတဟောင်း မိုက်ကယ် တီမာ ကို အကျင့်ပျက်ခြစားမှု ဖြင့် ဖမ်းဆီးစစ်ဆေး

မတ် ၂၂ ။      ။ ဘရာဇီးနိုင်ငံမှာ ကြီးမားတဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဆောင်ရွက်စဉ် ယခုအခါ သမ္မတဟောင်း မိုက်ကယ် တီမာကိုလည်း ယမန်နေ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ အသက် ၇၈ နှစ်ရှိ သမ္မတဟောင်း မစ္စတာ တီမာကိုတော့ ခြစားမှု ပြစ်မှု အများအပြားအတွက် ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ပါတယ်။

၎င်းကတော့ ၂၀၁၆ ကနေ ၂၀၁၈ အထိ သမ္မတ တာဝန် ယူခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း တီမာကတော့ ၎င်းအနေနဲ့ ဘာအမှားအယွင်းတစ်ခုမှ လုပ်မထားဘူးလို့ တွင်တွင် ငြင်းဆန်နေပါတယ်။

သို့ပေမယ့်လည်း ၎င်း သမ္မတ တာဝန်ကနေ ဆင်းပေးရပြီးနောက် ဥပဒေအကာအကွယ် ဆုံးရှုံးခဲ့ရလို့ ယခုလို ချက်ချင်း ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပုံ ရပါတယ်။

ယင်းနိုင်ငံမှာ Operation Car Wash လို့ ခေါ်တဲ့ ကြီးမားတဲ့ ခြစားမှု စုံစမ်းစစ်ဆေးမှုကြီးတစ်ခုအောက်မှာ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအများအပြား စွဲချက်တင်၊ ပြစ်ဒဏ်ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

သမ္မတဟောင်း မိုက်ကယ်တီမာကိုတော့ မတ်လ ၂၁ ရက် မနက်ပိုင်းက ဆော်ပေါ်လို မြို့ရှိ ၎င်းရဲ့ နေအိမ်မှာပဲ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ၎င်းအစိုးရလက်ထက်က  သတ္ထုတွင်းနဲ့ စွမ်းအင်ဝန်ကြီးဖြစ်ခဲ့သူ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly