တရုတ်မှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်လို့ ၆ ဦး သေဆုံး

တရုတ်မှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်လို့ ၆ ဦး သေဆုံး

မတ် ၂၂ ။     ။ တရုတ်မှာ မတ်လ ၂၂ ရက်က လူအုပ်စုတစ်စုထဲ ကားတစ်စီးက အရှိန်နဲ့ တမင် ဝင်တိုက်ခဲ့တဲ့အတွက် လူ ခြောက်ဦး သေဆုံးပြီး အခြား ခုနစ်ဦး အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

ယင်း ကားမောင်းနှင်တဲ့ ဒရိုင်ဘာကို ရဲက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ နိုင်ငံပိုင် ရုပ်သံသတင်းဌာန CCTV က တင်ဆက်ဖော်ပြပါတယ်။

ဟူဘေ ပြည်နယ် ကျောင်ယန်း မြို့မှာ မနက်ခင်း အစောပိုင်း ဖြစ်ခဲ့တဲ့ ယင်းဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသွားသူတွေကို ဆေးရုံကို တင်ပို့ပေးထားရတယ်လို့ ဆိုပါတယ်။

တရုတ်မှာတော့ ပြီးခဲ့တဲ့လတွေအတွင်း အလားတူ ဖြစ်စဉ်မျိုးတွေ ကြုံတွေ့ထားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကလည်း ဟူနန်ပြည်နယ်အလယ်ပိုင်း အများပြည်သူ ရင်ပြင်တစ်ခုရှိ လူအုပ်စုထဲ ကားတစ်စီးနဲ့ ဝင်တိုက်လို့ လူ ၁၁ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ထားခဲ့ပါသေးတယ်။

ယင်း ဖြစ်စဉ်မှာ အသက် ၄၀ အရွယ် ဒရိုင်ဘာဖြစ်သူ အမျိုးသားကို ရဲက ဖမ်းဆီးထိနိးသိမ်းခဲ့ပြီး ၎င်းကိုစစ်ဆေးချက်အရ လူအများကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေဖို့ ရည်ရွယ်ချက် ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly