AFC U 23 ပြိုင်ပွဲတွင် မြန်မာအသင်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်ရန် ရည်မှန်းထားဟုဆို

AFC U 23 ပြိုင်ပွဲတွင် မြန်မာအသင်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်ရန် ရည်မှန်းထားဟုဆို
ဓာတ်ပုံ- သူရ

ရန်ကုန်၊ မတ်လ ၂၁ ။      ။ AFC U 23 Chanmpionship Qualifiers 2020 Thailand ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဗိုလ်လုပွဲ အဆင့်ထိ တက်ရောက်နိုင်ရန် ရည်မှန်းထားကြောင်း အသင်းနည်းပြချုပ် ပိုပေါ့ဗ်ပြောကြားလိုက်သည်။

မြန်မာလက်ရွေးစင် ယူ၂၃အသင်း ပါဝင်ယှဉ်ပြိုင်မည့် AFC U 23 Chanmpionship Qualifiers 2020 Thailand အတွက် သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၁ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အသင်းနည်းပြချုပ် ပိုပေါ့ဗ်က အဆိုပါပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီပြိုင်ပွဲကို အရမ်းစိတ်လှုပ်ရှားနေပါတယ်။ဒီပြိုင်ပွဲက ကျွန်တော့်အတွက် တကယ်ကို အခွင့်ရေးကောင်း တစ်ခုပါ။ဂျပန်အသင်းကလည်း အားလုံးသိတဲ့အတိုင်း အာရှမှာအင်အားအကြီးဆုံးဖြစ်ပါတယ်။မကာအို၊တီမော အသင်းတွေကိုလည်းလျော့တွက်လို့မရပါဘူး။ ကျွန်တော့်အနေနဲ့ AFC နောက်ဆုံး ဖိုင်နယ်အဆင့်ကို တက် ကစားနိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု မြန်မာယူ၂၃ အသင်း နည်းပြချုပ် ပိုပေါ့ဗ်  က ပြောသည်။

အာရှခြေစစ်ပွဲ အုပ်စု (I) (AFC U23 Championship Qualifiers 202 Thailand ) ပြိုင်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြင့် လက်ခံကျင်းပမှာဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင်  မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ၌ မကာအို နှင့် ဂျပန် ၊ညနေ ၆ နာရီတွင် အိမ်ရှင်မြန်မာအသင်း နှင့်အရှေ့တီမော၊ မတ်လ ၂၄ ရက်နေ႔ ညနေ ၃နာရီတွင် အရှေ့တီမော နှင့် ဂျပန်အသင်း၊ ညနေ ၆ နာရီတွင် အိမ်ရှင် မြန်မာအသင်းနှင့် မကာအို ၊ မတ်လ ၂၆ ရက်နေ႔ ညနေ ၃ နာရီတွင် အရှေ့တီမော နှင့်မကာအို အသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်း နှင့်ဂျပန်အသင်း တို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 “ ပြီးခဲ့တဲ့ U-22  ပြိုင်ပွဲဟာ အဓိက ရည်မှန်းချက်မပာုတ်ပါဘူး။အခု ဒီ U 23  နဲ့ လာမယ့် sae game ပြိုင်ပွဲက အဓိက ရည်မှန်းချက်ပါ။ဒီပြိုင်ပွဲမှာ အောင်မြင်ဖို့အတွက် အကောင်းဆုံးအာရုံစိုက်ထားပါတယ်။ စွမ်းဆောင်ရည် ပိုင်းနဲ့လည်းကောင်းမယ်လို့ယုံကြည့်ပါတယ်” ဟု မီဒီယာများ ၏ မေးမြန်းမှုကို နည်းပြချုပ်ပိုပေါ့ဗ် ကဖြေကြားခဲ့သည်။

၂၀၂ဝအာရှယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း၁၆သင်း ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး အိမ်ရှင်ထိုင်းအသင်းမှာ ခြေစစ်ပွဲအလိုအလျောက် အောင်မြင်ပြီဖြစ်သော်လည်း ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ထို့ကြောင့် ခြေစစ်ပွဲကို ထိုင်းအသင်းအပါအဝင် ၄၃သင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လေးသင်းစီ ပါဝင်သော အုပ်စု၁ဝခုနှင့် သုံးသင်း ပါဝင်သော အုပ်စု၁ခုခွဲကာ ကျင်းပမည်ဖြစ်သည်။

ခြေစစ်ပွဲကို အုပ်စုဗိုလ် ၁၁သင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယ ရရှိသော အသင်း၄သင်း တို့ အောင်မြင်မည် ဖြစ်သော်လည်း ထိုင်းအသင်းသာ အုပ်စုဗိုလ် (သို့်မဟုတ်) အကောင်းဆုံးအုပ်စုဒုတိယရ လေးသင်း စာရင်း ဝင်ခဲ့ပါက အကောင်းဆုံးဒုတိယရငါးသင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။အုပ်စုတွင်းအသင်းများအနေဖြင့် ရမှတ်တူညီနေပါက ထိပ်တိုက်တွေ့ဆုံမှု စည်းမျဉ်းကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော AFF U22 Championship 2019 ပြိုင်ပွဲတွင် မြန်မာယူ ၂၂ အသင်းသည် မလေးရှားအသင်း နှင့် ကမ္ဘောဒီယား အသင်း တို့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly