နိုင်ငံရေး ခြေထိုးမှုတွေ၊ အကွက်ရွှေ့မှုတွေကြား ပြည်သူတွေ ပင်ပန်းနေပြီလို့ ဘရစ်ဇစ်အရေးနဲ့ ပတ်သက်ပြီး ဗြိတိန် ဝန်ကြီးချုပ် ပြော

နိုင်ငံရေး ခြေထိုးမှုတွေ၊ အကွက်ရွှေ့မှုတွေကြား ပြည်သူတွေ ပင်ပန်းနေပြီလို့ ဘရစ်ဇစ်အရေးနဲ့ ပတ်သက်ပြီး ဗြိတိန် ဝန်ကြီးချုပ် ပြော

လန်ဒန်၊ မတ် ၂၁ ။     ။ အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ ဘရစ််ဇစ်အရေးမှာ နိုင်ငံရေး ခြေထိုးမှုတွေ၊ အကွက်ရွှေ့မှုတွေကြောင့် ပြည်သူတွေ ပင်ပန်းနေရပြီး နိုင်ငံရေးသမားတွေနေနဲ့ ရှေ့ဆက်ဖို့အတွက် ဆုံးဖြတ်ချက် ချရတော့မယ့် တကယ့်အချိန်ကို ရောက်နေပြီလို့ ဝန်ကြီးချုပ် ထရီဆာမေက မတ် ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

ဗြိတိန်လွှတ်တော်အတွင်းမှာ ဘရစ်ဇစ်အရေး သဘောတူညီချက်မရတာကြောင့် အီးယူကနေ ဗြိတိန်နုတ်ထွက်ရမယ့် ရက်ကို သုံးလတာ ရွှေ့ဆိုင်းပြီး ဇွန် ၃၀ ရက်ကို နောက်ဆုံးသတ်မှတ်ပေးဖို့ အီးယူခေါင်းဆောင်တွေထံ ထရီဆာမေက တရားဝင် မေတ္တာရပ်ခံအပြီးမှာ  ခုလို ပြောလိုက်တာပါ။

“အီးယူနဲ့ ကျွန်မ စေ့စပ်ညှိနှိုင်းပြီး သဘောတူထားတဲ့ ဘရစ််ဇစ်အစီအစဉ်ကို လွှတ်တော်အမတ်တွေအနေနဲ့ ထောက်ခံဖို့ နည်းလမ်းကို တွေ့ရှိလာမယ်လို့ ကျွန်မ အထူးပဲ မျှော်လင့်နေပါတယ်။”လို့ ထရီဆာမေက ပြောပါတယ်။

အီးယူနဲ့ ထရီဆာမေတို့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူထားတဲ့ ဘရစ်ဇစ်အစီအစဉ်ကို ဗြိတိန်လွှတ်တော်မှာ နှစ်ကြိမ်တိုင် မဲပေး ပယ်ချခံရတာ ဖြစ်ပေမယ့် နောက်ထပ်တစ်ကြိမ် မဲပေးဖို့ ထရီဆာမေဟာ စီစဉ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ဘရစ်ဇစ်အရေးကို အရဖော်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် ထရီဆာမေက ပြောပါတယ်။

မတ် ၂၉ ရက်မှ အီးယူကနေ တရားဝင် ဗြိတိန်နုတ်ထွက်ရမယ့် ဘရစ်ဇစ်အရေးမှာ ထရီဆာမေရဲ့ အီးယူနဲ့ ရယူထားတဲ့ အစီအစဉ်ကို ခုလို လွှတ်တော်မှာ နှစ်ကြိမ်တိုင် ပယ်ချခံရတာဖြစ်ပြီး သုံးလတာ ရက်ရွှေ့ပေးဖို့ မေတ္တာရပ်ခံရတဲ့အထိ အခြေအနေ ဆိုက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly