ChinLand အသင်း ရလဒ်များ ဆိုးရွားမှုကြောင့် နည်းပြချုပ် ဦးသာကျော်နှင့် လမ်းခွဲ

ChinLand အသင်း ရလဒ်များ ဆိုးရွားမှုကြောင့် နည်းပြချုပ် ဦးသာကျော်နှင့် လမ်းခွဲ
ဓာတ်ပုံ - ChinLand FC

မတ်လ ၂၀ ။                 ။ မြန်မာနေရှင်နယ်လိဂ် (၁) ပြိုင်ပွဲဝင် အသင်းဖြစ်သည့် ChinLand  FC  အသင်း မှာ ယခုနှစ် ဘောလုံးရာသီ တွင် အသင်း၏ ရလဒ်များ ဆိုးရွားမှုကြောင့် နည်းပြချုပ် ဦးသာကျော်နှင့် လမ်းခွဲခဲ့ပြီဖြစ်သည်။

ဦးသာကျော်အနေဖြင့် ချင်းပြည်နယ် ကိုယ်စားပြု ChinLand FC အသင်း ကို ၆ ပွဲ ကိုင်တွယ်ခဲ့ရာ ၆ ပွဲရှုံး၊ ၁ ပွဲ သရေ ရလဒ် ထွက်ပေါ်လာခဲ့သောကြောင့် မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက လမ်းခွဲခဲ့ခြင်းလည်း ဖြစ်သည်။

၎င်း နောက်ဆုံးကိုင်တွယ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ  ပထမဆင့်ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ် ၂ မှ ငွေကြယ်ပွင့်လေးများအသင်းကို ရှုံးနိမ့်မှုသည် လမ်းခွဲမှုအတွက် အသင်းနှင့် သူ့ကြားတွင် ခိုင်မာစေခဲ့သည်။

Chin Land အသင်း က “နည်းပြချုပ်ပောာင်း ဦးသာကျော်ကို အသင်းအပေါ် ပေးဆပ်ခဲ့မှုများအတွက် အစဉ်အမှတ်ရနေမှာ ဖြစ်ပြီး၊ အနာဂတ်တွင်အောင်မြင်မှုများ ထပ်မံရရှိပါစေကြောင်း တောင်းဆုပြုပါသည် ”  ပာုရေးသားဖော်ပြခဲ့သည်။

နည်းပြချုပ်ပောာင်း ဦးသာကျော် နှင့် လမ်းခွဲပြီး တစ်ရက်အကြာ မတ်လ ၁၉ ရက်နေ ့မွန်းလွဲပိုင်းအချိန်က ChinLand FC အသင်းက နည်းပြချုပ်ပောာင်း ဦးဘုန်းနိုင်ကို ပြန်လည်ခန့်အပ်ခဲ့သည်။

နည်းပြချုပ်ဖြင့် ခန့်အပ်ခံရသည့် ဦးဘုန်းနိုင် မှ ChinLand FC အသင်းကြီးကို မကိုင်တွယ်ခင်က ယူ ၂၁ အသင်း၏ နည်းပြချုပ်ရာထူးဖြင့် တာဝန်ယူထားပြီး Chinland FC အသင်းအတွက် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်(၂)တွင် တန်းတက်နိုင်အောင် လုပ်ဆောင်ပေးခဲ့သည်။

၂၀၁၇ မြန်မာနေရှင်လိဂ်(၁)တွင် တန်းဆင်းဇုန်အခြေအနေမှ တန်းကျန်အောင် ကြိုးပမ်းပေးခဲ့သည်။

လက်ရှိ ၂၀၁၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ၏ နည်းပြချုပ် ဦးမင်းသူ နှင့် Chinland FC အသင်းနည်းပြချုပ် ဦးသာကျော်တို့ နှစ်ဦးမှ အသင်းနှင့် စောစီးစွာလမ်းခွဲခဲ့ခြင်းဟု ဆိုရမည် ဖြစ်သည်။

မြန်မာ နေရှင်နယ်လိဂ် ၁ အမှတ်ပေးပြိုင်ပွဲဝင် ကလပ်အသင်းတစ်ချို့မှ လက်ရှိတွင် ဖီဖာနိုင်ငံတာကာ ခြေစမ်းပွဲများ ၊  AFC ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် မြန်မာလက်ရွေးစင်အသင်းကြီးမှ ခြေစမ်းပွဲများ ယှဉ်ပြိုင်လျက်ရှိသည့်အတွက် MNL လိဂ် ပြိုင်ပွဲကို ခေတ္တာရပ်နားထားမည်ဖြစ်ပြီး လာမည့် မတ်လ ၃၀ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly