၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုတဲ့ နိုင်ငံ ၉ နိုင်ငံအထိ ရှိ

၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုတဲ့ နိုင်ငံ ၉ နိုင်ငံအထိ ရှိ

စံချိန်တင်တစ်ရပ်အနေနဲ့ နိုင်ငံ ၉ နိုင်ငံက ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုကြောင်း ဖီဖာအဖွဲ့ချုပ်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အာဂျင်တီးနား၊ သြစတြေးလျ၊ ဘိုလီဗီးယား၊ ဘရာဇီး၊ ကိုလံဘီယာ၊ ဂျပန်၊ နယူးဇီလန်နဲ့ တောင်အာဖရိကနိုင်ငံတွေက အိမ်ရှင်အဖြစ် လက်ခံဖို့ စိတ်ဝင်စားကြောင်း တရားဝင် ကြေညာခဲ့တာပါ။

အဆိုပါပြိုင်ပွဲအတွက် ပူးတွဲအိမ်ရှင်အဖြစ် မြောက်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကလည်း လက်ခံဖို့ ယှဉ်ပြိုင်သွားဖွယ်ရှိပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လျှောက်ထားလိုတဲ့ နိုင်ငံတွေရဲ့  ဘောလုံးအဖွဲ့ချုပ်တစ်ဖွဲ့ချင်းဟာ မှတ်ပုံတင်ဖို့ ယခုနှစ် ဧပြီလ ၁၆ ရက်နေ့အထိ လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။

၂၀၂၁ အမျိုးသမီး ယူရိုပြိုင်ပွဲကို အင်္ဂလန်က အိမ်ရှင်အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံဖို့ ဒီနိုင်ငံတစ်နိုင်ငံသာ ရှိခဲ့ပါတယ်။

၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဇွန်လ ၇ ရက်မှ ဇူလိုင်လ ၇ ရက်အထိ ပြင်သစ်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly