မန်ယူနည်းပြအဖြစ် ဆာအက်လက်စ် ဖာဂူဆန်ရဲ့ နောက်ဆုံးဝါးခဲ့တဲ့ ပီကေကို ပေါင် ၃၉၀,၀၀၀ နဲ့ ရောင်းချ

မန်ယူနည်းပြအဖြစ် ဆာအက်လက်စ် ဖာဂူဆန်ရဲ့ နောက်ဆုံးဝါးခဲ့တဲ့ ပီကေကို ပေါင် ၃၉၀,၀၀၀ နဲ့ ရောင်းချ

ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ယူအသင်းကို ၂၆ နှစ်အတွင်း ပွဲပေါင်း ၁,၅၀၀ ကိုင်တွယ်ခဲ့ပြီး သူဟာ အဲဒီကာလအတွင်း အနည်းဆုံး ပီကေအထုပ် ၃,၀၀၀ ခန့်နဲ့ ဖြတ်သန်းခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ဖာဂီရဲ့ နည်းပြဘဝ သက်တမ်းတစ်လျောက်မှာ ကွင်းစည်းနားမှာပဲဖြစ်ဖြစ်၊ အိုးထရက်ဖို့ဒ် ခုံတန်းလျားမှာပဲဖြစ်ဖြစ် သူပီကေဝါးနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့ ယူနိုက်တက်နည်းပြဘဝ နောက်ဆုံးကိုင်တွယ်ပွဲစဉ်ဟာ ၂၀၁၃ ခုနှစ်က ဟောသရုန်းစ်ကွင်းမှာ ဝက်စ်ဘရွန်းကို ၅-၅ ဂိုးနဲ့ သရေကျတဲ့ ရာသီပိတ်ပွဲစဉ်ပဲဖြစ်ပါတယ်။ အဆိုပါပွဲအပြီးမှာတော့ ပရိသတ်တစ်ဦးဟာ တကယ်အဖိုးထိုက်တန်တဲ့ အရာတစ်ခုကို ကောက်ယူ သိမ်းဆည်းခဲ့ပါတယ်။

အဲဒီသိမ်းဆည်းခဲ့တဲ့အရာကတော့ ဖာဂီရဲ့ ဝါးပြီးသား ပီကေ တစ်ခုပါပဲ။

အဆိုပါပရိသတ်ဟာ ပီကေကို မှန်ဘောင်နဲ့ သေချာသိမ်းဆည်းခဲ့ပြီး eBay မှာ လေလံတင် ရောင်းချခဲ့ပါတယ်။  ယခုနောက်ဆုံးအချိန်မှာတော့ စျေးအမြင့်ဆုံး ပမာဏဟာ ပေါင် ၃၉၀,၀၀၀ အထိ ရရှိသွားခဲ့ပြီလို့ သိရပါတယ်။

လေလံတင်ရောင်းချရရာကနေ ရရှိတဲ့ ငွေတွေကို ယူနိုက်တက် ဖောင်ဒေးရှင်းထံ လှူဒါန်းသွားမယ်လို့ eBay မှာ ဆိုထားပါတယ်။

“ရှားပါးတဲ့ ဝါးပြီးသား ပီကေတစ်ခု။ ဒါကို ဟောသရုန်းစ်ကွင်းက ရခဲ့တာပါ။ သစ်သားအောက်ခံ မှန်ဘောင်နဲ့ သေချာ သိမ်းဆည်းထားပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ပီကေဖြစ်တယ်လို့ အထောက်အထားတွေ ရှိတယ်။ မန်ယူနိုက်တက်နည်းပြအဖြစ် ပွဲပေါင်း ၁၅၀၀ လောက် ဆက်တိုက် ဝါးစားလာအပြီးမှာတော့ ဒီမှာရှိတဲ့ ဖာဂီရဲ့ နောက်ဆုံး ဝါးခဲ့တဲ့ ပီကေကို ထားရှိပါတယ်။ လေ့လံတင် ရရှိလာတဲ့ ငွေတွေကို MU Foundation ဆီကို လှူဒါန်းသွားမှာပါ”လို့ လေလံတင်ထားတဲ့ မှတ်ချက်ကို eBay မှာ ဖော်ပြခဲ့ပါတယ်။

Ref; Sport Bible

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly