ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို စနေ၊ တနင်္ဂနွေ စျေးတန်း အဖြစ် ရောင်းချသွားမည်

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို စနေ၊ တနင်္ဂနွေ စျေးတန်း အဖြစ် ရောင်းချသွားမည်

ရန်ကုန်၊ မတ် ၁၉ ။     ။ ရန်ကုန်မြို့၊မြေပဒေသာကျွန်းတွင် မေလ ၂၃ရက်မှ စတင်ကာ"သန့်ရှင်းသောစိုက်ခင်းမှ စင်ကြယ်သောသီးနှံ ထုတ်ကုန်များသို့" အမည်ဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို စနေ၊ တနင်္ဂနွေ စျေးတန်းအဖြစ် ဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း (MFVP)မှ သိရသည်။

အဆိုပါ စျေးတန်းသို့လာရောက်ရောင်းချသော စိုက်ပျိုးထုတ်လုပ်ထားသည့် ဟင်းသီးဟင်းရွက်၊ သစ် သီး ဝလံများသည် အောဂဲနစ်သီးနှံများ၊ ဓာတုဗေဒဓာတ်ကြွင်းကင်းရှင်းမှုနှင့် တိုင်းနှင့် ပြည်နယ်များ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ထားပြီး သက်ဆိုင်ရာ အသိမှတ်ပြုလက်မှတ်ရရှိရမည်ဟု မြန်မာနိုင် ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် ကပြောသည်။

"သစ်သီးဝလံ စားသောက်ကုန်စနစ်တွေက တော်တော်လေးပြောင်းလဲသွားပြီ။ ပြောင်းလဲသွားတဲ့ အခါကျတော့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို လူတွေပိုပြီး စားသုံးလာတယ်။ စားသုံးလာတဲ့ အခါကျတော့ ပိုးသတ်ဆေး အန္တရာယ်တွေ၊ ဓာတုဓာတ်ကြွင်း အန္တရာယ်တွေကို လူတွေကကြောက်ကြတယ်။ ဒါတွေ အတွက်ကို ကျွန်တော်တို့က လုံခြုံစိတ်ချရတဲ့ အစားအစာ Food Safety အနေနဲ့ စားသုံး သူကို စိတ်ချလက်ချ စားနိုင်ဖို့ ရောင်းချခြင်းဖြစ်ပါတယ်" ဟု ဦးစိုးသန်းမင်းဒင် ကပြောသည်။

အဆိုပါ စျေးတန်းဖွင့်လှစ် ရောင်းချခြင်းနှင့် ပတ်သက်ပြီး မီဒီယာတွေ့ဆုံရှင်းလင်းပွဲကို ရန်ကုန်မြို့၊ကုန် သည်စက်မှုအသင်းချုပ် (UMFCCI) ရှိ MFVP ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၃၄ခန်းဖြင့် စတင်ရောင်းချသွားမည်ဖြစ်ပြီး ၆ပေ ပတ်လည် ဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၅၀၀၀ ဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း စျေးတန်းဖွင့်ချိန်ကို အပတ်စဉ် စနေ၊ တနင်္ဂ နွေနေ့များတွင် နံနက် ရနာရီမှ နေ့လယ် ၁၂နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရောင်းချမှုကို ၂၀၁၅ခုနှစ်တွင်လည်း လုပ်ဆောင်ခဲ့ပြီး စနေနေ့ တစ်ရက်သာရောင်းချပေးခဲ့ကာ ယခုအချိန်တွင် သဘာဝအတိုင်း စိုက်ပျိုးထားသော အောဂင်းနစ်စိုက်ပျိုးသီးနှံများကို ပိုမိုတိုးမြှင့် ရောင်းချနိုင်ရန် ရည်ရွယ်ပြီး ပြန်လည်ဖွင့်လှစ် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly