ပုသိမ်ကြီးမြို့တွင် သဲအင်းဂူ ဝိပဿ နာ ၉ ရက် တရားစခန်း ဖွင့်လှစ်မည်

ပုသိမ်ကြီးမြို့တွင် သဲအင်းဂူ ဝိပဿ နာ ၉ ရက် တရားစခန်း ဖွင့်လှစ်မည်

မန္တလေး၊ မတ် ၁၈ ။     ။ မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊နန္ဒာမြောက်ရွာ၊ရန်ကုန်ကျောင်းတိုက်တွင် သဲအင်းဂူ ဝိပဿ နာ ၉ ရက် တရားစခန်းကို ဖွင့်လှစ်ပေးသွားမည်ဟု တရားစခန်းဖြစ်မြောက်ရေးမှ မြနန္ဒာဆရာတော် အသျှင် ဝိသုဒ္ဓ (သာသနဓဇ ဓမ္မာစရိယ)က မိန့်ကြားသည်။

အဆိုပါ တရားစခန်းကို မတ်လ ၂၉ ရက်နေ့မှဧပြီလ ၆ ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး လာရောက် တရာအားထုတ်မည့်သူများကို နေ၊ထိုင်၊စားသောက်မှုများကို လှူဒါန်းဒါနပြုသွားမည်ဖြစ်သည်။

"လာရောက်တရားအားထုတ်သူတွေကို နေထိုင် စားသောက်ဖို့ အားလုံး စီစဉ်ပေးသွားမယ်။ အခမဲ့ပဲ။ ဘာမှပေးစရာမလိုပါဘူး။"ဟု မြနန္ဒာ ဆရာတော်က မိန့်ကြားသည်။

တရားစခန်းကို ၂၀၁၈ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုပြုလုပ်သည့်အကြိမ်သည် ဒုတိယအကြိမ်လည်း ဖြစ်သည်။ယခုကဲ့သိုု့ တရားစခန်းဖွင့်လှစ်ခြင်းကို နှစ်စဉ် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါတရားစခန်းတွင် မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်၊သဲအင်းဂူ ဝိပဿနာ ကမ္မဋ္ဌာန်း ရိပ်သာများ၏ အဓိပတိ၊ပြည်တွင်း ပြည်ပ သာသနာပြု နယ်လှည့် ဓမ္မကထိက မဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တဓမ္မသာမိ အရှင်သူမြတ်နှင့်ဆရာတော် အရှင်ရေဝတတို့က ခန္ဓာကိုယ်တွေ့ ဉာဏ်မြင် ဝိပဿ နာကျင့်စဉ်များကို သင်ကြားပြသပေးသွားမည်ဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ တရားစခန်းဝင်လိုသူများသည် ဖုန်း ၀၉၄၄၄၀၂၁၁၁၃ ၊၀၉၄၄၉၀၀၃၇၇၄ နှင့်ဝ၉၄၅၆၄၇၁၈၂၂ တို့ကို ဆက်သွယ်စာရင်းပေးနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly