ဒေါ်အောင်ဆန်းစုကြည်စီးနင်းသည့်ကား ရှေ့ဘီးပေါက်

ဒေါ်အောင်ဆန်းစုကြည်စီးနင်းသည့်ကား ရှေ့ဘီးပေါက်
(ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)

ကချင်ပြည်နယ်သို့ စည်းရုံးရေးဆင်းနေသော ဒေါ်အောင်ဆန်းစုကြည်စီးနင်းလာသည့် ယာဉ်အမှတ် 3D- 1818သည် ဟိုပင်မြို့သို့အရောက် ညနေ ၄နာရီ၊ ၂၅မိနစ်တွင် ရှေ့ဘီးပေါက်သွားသောကြောင့် ဘီးအစားထိုး တပ်ဆင်ခဲ့ရသည်။

ကားဘီး လဲလှယ် တပ်ဆင်ပြီးနောက် ၄နာရီ၊ ၄၅မိနစ်တွင် မိုးညှင်းမြို့သို့ ဆက်လက်ထွက်ခွာနေပြီ ဖြစ်သည်ဟု လိုက်ပါသတင်းယူနေသည့် မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ကတည်းက မြစ်ကြီးနားမှ ထွက်ခွာလာခြင်းဖြစ်ပြီး မိုးညှင်းမြို့မရောက်ခင် လမ်းခုလတ်ဖြစ်သော နမ္မတီး၊ မိုးကောင်း၊ ဟိုပင်မြို့တို့တွင် မဲဆွယ်ဟောပြောခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly