"ရိုးရာဟန်တွေနဲ့ မန္တလေးသင်္ကြန်"

"ရိုးရာဟန်တွေနဲ့ မန္တလေးသင်္ကြန်"
(ဓါတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

သင်္ကြန်လို့ ဆိုလိုက်တာနဲ့ မြို့မအဖွဲ့ရယ်၊ ငွေငန်းရယ် မန်းမြို့ရိုးရယ် စတဲ့ သင်္ကေတတွေကို မြင်မိကြမယ်လို့ ထင်ပါတယ်။ မန္တလေးဟာ သင်္ကြန်ရဲ့ အရိပ်၊ သင်္ကြန်ရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့ကြီး တစ်မြို့ ဖြစ်ပါတယ်။ အခုအချိန်ဟာ သင်္ကြန်ပွဲတော်ကျင်းပဖို့ အချိန်နီးကပ်လာပြီဖြစ်တာကြောင့် မန်းသူ မန်းသားတွေက သင်္ကြန်လည်ဖို့ ပြင်ကြ ဆင်ကြသလို မြန်မာပြည်အနှံ့ကလည်း လာဖို့ပြင်ဆင်ကြမြဲဖြစ်ပါတယ်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း မန္တလေးသင်္ကြန်ကလည်း များစွာပေါ်ထွက်လာသည်။ လမ်းလျှောက် သင်္ကြန်ကစလိုက်တာ ယခုဆိုလျှင် တောသင်္ကြန် ပြည်ထောင်စုသင်္ကြန်တွေပါ ဖြစ်ပေါ်လာပါတယ်။

ဒါတင်မကသေး ဒွန့်ချင်နေသူများအတွက် ကျုံးအနောက်ဘက်နှင့်ကျုံးမြောက်ဘက်။အေးအေးချမ်းချမ်း ပျော်ပျော်ရွှရွှင် ရေပက်ခံထွက်လိုတဲ့ မိသားစု မောင်နှမတစ်တွေ သူငယ်ချင်းတစ်တွေအတွက်က လမ်းလျှောက် သင်္ကြန်ကတစ်မျိုး နားနားနေနေ ရိုးရာအစာတွေစားပြီး သင်္ကြန်ကို ဖြတ်သန်းချင်သူတွေအတွက် တောသင်္ကြန်၊ တိုင်းရင်းသား ညီအစ်ကိုတစ်တွေ စုပေါင်းရေကစားချင်ရင်တော့ ပြည်ထောင်စုသင်္ကြန်ဆိုပြီး ခေါင်းစဉ်လေးတွေ နဲ့ မမောနိုင် မပမ်းနိုင် လည်နိုင်ပတ်နိုင်အောင် စီစဉ်လာကြပါတယ်။

ဒါကြောင့် သင်္ကြန်ကာလတစ်လျှောက်မှာ မြို့ခံများနဲ့မြန်မာပြည်အနှံ့က လာရောက်လည်ပတ်ကြမယ့် ပြည်သူ လူထုများကြောင့် ထုံးစံအတိုင်း မန္တလေး သင်္ကြန်ဟာ စည်ကားဦးမှာပဲဖြစ်ပါတယ်။ မန္တလေးသင်္ကြန်ကို ပြည် တွင်းကသာမက ပြည်ပကလည်း စိတ်ဝင်းစားပြီး လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသား ခရီးသွားများလည်း ရှိပါတယ်။

မန္တလေး သင်္ကြန်မှာ စတုဒီတာ မဏ္ဍပ်များကလည်း နေရာအနှ႔ံမှာ ရှိနေတဲ့အတွက် သင်္ကြန်တွင်းလည်ပတ်မယ့် သူများအတွက် စားသောက်ဖို့အရေး တွေးပူစရာ မရှိပါဘူး။ သင်္ကြန်မဏ္ဍပ်တွေမှာလည်း နိုင်ငံကျော် အဆိုတော် တွေ သရုပ်ဆောင်တွေကလည်း မဏ္ဍပ်တိုင်းမှာ ရှိနေသလို သံချပ်အဖွဲ့တွေ အလှပြယာဉ်တွေကလည်း ကြည့်ရှု မဆုံးပါဘူး။ မန္တလေးသင်္ကြန်ရဲ့သင်္ကေတများစွာထဲက မြို့မ ငွေငန်း အလှပြယာဉ်ကလည်း မန်း သင်္ကြန်ကို လာရောက် လည်ပတ်သူများအပေါ် စွဲဆောင်နိုင်မြဲဖြစ်ပါတယ်။

မန်းသင်္ကြန်မှာ ယခုနှစ်ထူးခြားမှုကတော့ ရပ်ကွက်တိုင်းက ယိမ်းအဖွဲ့များထွက်ပြီး ကပြဖျော်ဖြေမှာဖြစ်သလို ရပ်ကွက်တိုင်းမှာလည်း ရေကစားမဏ္ဍပ်တွေ ဖျော်ဖြေရေးမဏ္ဍပ်တွေကလည်း ရှိနေမှာ ဖြစ်တဲ့အတွက် စည်ကားနေမှာတော့ သေချာပါတယ်။

ရေပက်ခံလျှောက်လည်ပြီး မောလာရင်တော့ မန်းတောင်ရိပ်ခို ဆိုတဲ့အတိုင်း မန္တလေးတောင်ပေါ်ကို တက်နား မလား။ ကုသိုလ်တော်ဘုရားက ခရေရိပ်တွေမှာ သွားနားမလား။ ကျောက်တော်ကြီး ဘုရားမှာ နားမလား။ ဘုရားကြီးသွားနားမလား။ရတနာပုံတိရိစ္ဆာန်ဥယျာဉ်ထဲ နားမလား နားခိုစရာနေရာတွေကလည်း အဆင်သင့်ရှိ နေပါတယ်။ဒီလိုနေရာတွေကို မနားချင်ဘူးဆိုရင်တော့ နန်းရှေ့ရေနီမြောင်းမှာ သွားနားဦးမည်ဆိုရင်လည်း ရနေပါတယ်။  တောင်သမန်အင်းနဲ့ ဦးပိန်တံတား မယ်ဇယ်တန်းမှာ နားဦးမယ်ဆိုရင်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန္တလေးမြို့မှာ သင်္ကြန်နားနီးနေပြီ ဖြစ်တဲ့အတွက် တူပို့သံတွေ ညံနေပါပြီ။ စည်ပင်သာယာရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာလည်း သင်္ကြန်မဏ္ဍပ်တွေ စဆောက်နေပါပြီ။ဒါကြောင့် ယခုနှစ်မန္တလေးသင်္ကြန် ဟာ ယခင်နှစ်များလိုပဲ ရိုးရာဟန်များဖြင့် စည်ကားနေဦးမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly