ESPN သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်ရဲ့ အကျော်ကြားဆုံး အားကစားသမား ၂၀ ဦးစာရင်းမှာ ဘောလုံးကြယ်ပွင့်များဖြစ်တဲ့ ရော်နယ်လ်ဒို၊ မက်ဆီနဲ့ နေမာတို့ ပါဝင်လာပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်လ်ဒိုက ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပါတယ်။
အမေရိကန်အခြေစိုက် နာမည်ကြီးရုပ်သံလိုင်းက ၎င်းတို့ သတ်မှတ်ပုံစံဖြစ်တဲ့ အဓိက ၃ ချက်ပေါ် မူတည်ပြီး အကျော်ကြားဆုံး ကစားသမားကို တွက်ချက်ဆုံးဖြတ်တာဖြစ်ပါတယ်။
အဆိုပါ ၃ ချက်ကတော့ ကစားသမားတစ်ဦးချင်းစီရဲ့ ဆုကြေးနဲ့ စပွန်ဆာဝင်ငွေ၊ Google မှာ ရှာဖွေခံရမှုနဲ့ လူမှုကွန်ရက်မီဒီယားများမှာ ပရိသတ်ပိုင်ဆိုင်မှု အရေအတွက်တို့ဖြစ်ပါတယ်။
ဆုကြေးနဲ့ စပွန်ဆာဝင်ငွေအတွက် ESPN နဲ့ Forbes တို့မှ အချက်လက်များကို ရယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စီရော်နယ်လ်ဒိုက စပွန်ဆာနဲ့ ဆုကြေးမှ ဒေါ်လာ ၃၇ သန်း ရရှထားသလို Google မှာ ရှာဖွေခံရမှု ရမှတ် ၁၀၀ နဲ့ လူမှုမီဒီယာများမှာ ပရိသတ် ၁၄၈ သန်း ပိုင်ဆိုင်မှုဖြင့် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့နောက်မှာ NBA ဘတ်စကက်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ၊ MMA ကစားသမား မက်ဂရီဂေါ်တို့ အစဉ်လိုက်ရပ်တည်နေပါတယ်။
ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ဘောလုံးသမား ၃ ဦးသာပါဝင်ခဲ့ပေမယ့် ၂၀ ဦးစာရင်မှာတော့ ပေါ့ဂ်ဘာ (အဆင့် ၁၂)၊ အမ်ဘာပေ (အဆင့် ၁၄)၊ ဂရစ်ဇ်မန်း (အဆင့် ၁၆)နဲ့ အိုဇေးလ် (အဆင့် ၁၉)တို့ အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်ရဲ့ အကျော်ကြားဆုံး အားကစားသမားစာရင်း
အမည် |
အားကစား |
ဆုကြေးနဲ့ စပွန်ဆာဝင်ငွေ (ဒေါ်လာ) |
Google မှာ ရှာဖွေခံရမှု (ရမှတ်) |
လူမှုကွန်ရက်ပရိသတ် |
စီရော်နယ်လ်ဒို |
ဘောလုံး |
၃၇ သန်း |
၁၀၀ |
၁၄၈ သန်း |
လီဘရွန်ဂျိမ်း |
ဘတ်စကက်ဘော |
၅၂ သန်း |
၄၇ |
၄၅.၃ သန်း |
မက်ဆီ |
ဘောလုံး |
၂၈ သန်း |
၅၄ |
၁၀၃.၁ သန်း |
နေမာ |
ဘောလုံး |
၁၉ သန်း |
၅၅ |
၁၀၇.၂ သန်း |
မက်ဂရီဂေါ် |
MMA |
၁၅ သန်း |
၁၀၀ |
၁၉.၇ သန်း |
ဖက်ဒါရာ |
တင်းနစ် |
၄၁.၅ သန်း |
၂၃ |
၁၄.၅ သန်း |
ခိုလီ |
ခရစ်ကတ် |
၂၀ သန်း |
၁၅ |
၃၇.၁ သန်း |
ရာဖေးလ်နဒါးလ် |
တင်းနစ် |
၂၉.၃ သန်း |
၄၀ |
၁၅.၆ သန်း |
စတီဖင်ကာရီ |
ဘတ်စကက်ဘော |
၄၂ သန်း |
၁၂ |
၂၃ သန်း |
တိုက်ဂါးဝုဒ် |
ဂေါ့ဖ် |
၄၂ သန်း |
၂၀ |
၆.၄ သန်း |
အပြည့်အစုံစာရင်းကို ကြည့်ရှုရန် - http://www.espn.com/espn/feature/story/_/id/26113613/espn-world-fame-100...