အိုင်အက်စ် နောက်ဆုံးခြေကုပ်မြေမှာ လူထောင်ပေါင်းများစွာ ရှိနေသေးတယ်လို့ ဆီးရီးယားတပ်ဖွဲ့ ပြော

အိုင်အက်စ် နောက်ဆုံးခြေကုပ်မြေမှာ လူထောင်ပေါင်းများစွာ ရှိနေသေးတယ်လို့ ဆီးရီးယားတပ်ဖွဲ့ ပြော

ဒမတ်စကပ်၊ မတ် ၁၈ ။     ။ ဆီးရီးယားအရှေ့ပိုင်းက အိုင်အက်စ် နောက်ဆုံး ခြေကုပ်နယ်မြေမှာ လူထောင်ပေါင်းများစွာ ရှိနိုင်သေးတယ်လို့ အမေရိကန် ကျောထောက်နောက်ခံပြုတဲ့ တပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အဲဒီလို ကျန်ရှိနေတဲ့ သူတွေဟာ လေကြောင်းထိုးစစ်တွေ၊ အမြောက်ကြီးပစ်ခတ်မှုတွေကြား အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေ ရုပ်ဖျက်ပြီး ပုန်းလျှိုးကွယ်လျှိုး ကိုယ်ယောင်ဖျောက်လို့ မရအောင် အိုင်အက်စ်နောက်ဆုံးနယ်မြေ ဘတ်ဟို့ဇ်ကျေးရွာထဲမှာ ဆက်လက်နေနေတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

အီရတ် နယ်စပ်က အိုင်အက်စ်ရဲ့ နောက်ဆုံးလက်တစ်ဆုပ်နယ်မြေဖြစ်တဲ့ ဘတ်ဟို့ဇ်ရွာထဲကနေ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ အမျိုးသားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထွက်ပြေးလာကြတာဆိုရင် အရေအတွက် ထောင်ပေါင်းများစွာ ရှိနေပြီး ဆက်လက်ပြီးလည်း ထွက်ပြေးလာသူတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ခုလို ထွက်ပြေးလာသူတွေနဲ့ ရွာထဲမှာလည်း လူတွေ အမြောက်အမြား ကျန်ရှိနေတာက အိုင်အက်စ်ကို ထိုးစစ်ဆင်နေတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF အတွက် ခေါင်းရှုပ်စရာ ဖြစ်နေပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်းပစ်ကူမှုနဲ့အတူ ကာ့ဒ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေရဲ့ အိုင်အက်စ်တွေကို သီတင်းပတ်ကြာ ထိုးစစ်ဆင်မှုမှာ အိုင်အက်စ်တိုက်ခိုက်ရေးသမားနဲ့ မိသားစုတွေ လက်နက်ချ ထွက်ပြေးလာတာတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် ဘတ်ဟို့ဇ်ရွာထဲကနေ ထွက်ပြေးလာတဲ့ နောက်ဆုံးအုပ်စုရဲ့ ပြောဆိုချက်အရ ရွာထဲမှာ လူ ၅၀၀၀ နီးပါး ရှိနေသေးတယ်ဆို့ သိရကြောင်း တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ SDF တပ်ဖွဲ့ ပြောခွင့်ရှိသူ ကီနိုဂါဘရီယယ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly