မန်စီးတီး-ဘရိုက်တန်၊ ဝက်ဖို့ဒ်-ဝုလ်ဗ်တို့ တွေ့ဆုံတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ

မန်စီးတီး-ဘရိုက်တန်၊ ဝက်ဖို့ဒ်-ဝုလ်ဗ်တို့ တွေ့ဆုံတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ
Photo: FA

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေအပြီး မတ် ၁၇ ရက်ညပိုင်းက ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မဲနှိုက်ရေးဆွဲခဲ့ရာ ရေပန်းစားနေတဲ့ မန်စီးတီးအသင်းက ဝင်ဘာလေကွင်းမှာ ဘရိုက်တန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

စီးတီးအသင်းဟာ စနေနေ့က ဆွမ်းစီးအသင်းကို ၂ ဂိုးအရှုံးရလဒ်ကို နောက်ကနေ လိုက်ကစားပြီး ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ဘရိုက်တန်အသင်းကလည်း တနင်္ဂနွေနေ့က မီဝေါလ်အသင်းကို ပင်နယ်တီမှာ အနိုင်ရရှိခဲ့ပါတယ်။

ကွာတားမှာ မန်ယူအသင်းကို အနိုင်ရခဲ့တဲ့ ၁၉၈၄ အက်ဖ်အေဖလား ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ ဝုလ်ဗ်အသင်းဟာ ပြိုင်ပွဲရဲ့ဖလား ၄ ကြိမ်ရ ဝက်ဖို့ဒ်နဲ့ ပွဲကျပ်ထပ်မံကစားရမှာဖြစ်ပါတယ်။

ဆီမီးအဆင့်မှာ အနိုင်ရရှိတဲ့အသင်းတွေက ပေါင် ၁.၈ သန်း ရရှိမှာဖြစ်ပြီး ရှုံးတဲ့အသင်းတွေကလည်း ပေါင် ၉၀၀,၀၀၀ ရရှိမှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဧပြီ ၆၊ ၇ ရက်တွေမှာ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

အီမရိတ် အက်ဖ်အေဖလားဗိုလ်လုပွဲကိုတော့ မေ ၁၈ ရက်၊ စနေနေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်များ

မန်စီးတီး v ဘရိုက်တန်
ဝက်ဖို့ဒ် v ဝုလ်ဗ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly