ဗလီတိုက်ခိုက်မှုမဖြစ်ခင် သေနတ်သမားရေးတဲ့ ကြေညာစာတမ်းကို လက်ခံရရှိခဲ့ဟု နယူးဇီလန်ဝန်ကြီးချုပ် ပြော

ဗလီတိုက်ခိုက်မှုမဖြစ်ခင် သေနတ်သမားရေးတဲ့ ကြေညာစာတမ်းကို လက်ခံရရှိခဲ့ဟု နယူးဇီလန်ဝန်ကြီးချုပ် ပြော

ခရစ်ချာ့ချ်၊ မတ် ၁၇ ။             ။ ခရစ်ချာ့ချ် ဗလီကျောင်း တိုက်ခိုက်သူ သေနတ်သမားထံကနေ ကြေညာစာတမ်းတစ်ခု လက်ခံရရှိသူ ၃၀ ထဲမှာ ၎င်းတို့ရုံးလည်း အပါအဝင် ဖြစ်ခဲ့ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်းက မတ်လ ၁၇ ရက်မှာ ထုတ်ဖော်လိုက်ပါတယ်။

သေနတ်သမားက ၎င်းရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ကြေညာစာတမ်းတစ်ခုကို ရေးသားခဲ့တာဖြစ်ပြီး ယင်းကို တိုက်ခိုက်မှုမဖြစ်ခင် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ်ကတော့ သူမတို့အနေနဲ့ သေနတ်သမားပို့တဲ့ ကြေညာစာတမ်းကို တိုက်ခိုက်မှု မတိုင်ခင် ကိုးမိနစ်အလိုလောက်က လက်ခံရရှိခဲ့တယ်လို့ ပြောပါတယ်။

“ အဲဒီစာထဲမှာ နေရာအတိအကျတော့ မပါ ပါဘူး၊ နောက်ပြီး အသေးစိတ်အချက်အလက်တွေလည်း မပါ ပါဘူး” လို့ ဝန်ကြီးချုပ် အာဒန်းက ပြောပါတယ်။ယင်းနောက် ၎င်းတို့အစိုးရအနေနဲ့ ယင်းစာတမ်းကို ရရှိပြီးနောက် ၂ မိနစ်အတွင်းမှာပဲ လုံခြုံရေး အေဂျင်စီတွေဆီ တဆင့် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ယခု တိုက်ခိုက်မှုမှာ သေနတ်သမားဖြစ်တဲ့ လူဖြူကြီးစိုးရေး ၀ါဒီ ဘရန်တန် တာရန့်ကတော့ ၎င်းရဲ့ ရှည်လျားတဲ့ ကြေညာစာတမ်းထဲမှာ ၎င်းရဲ့ အစွန်းရောက်ဝါဒီ နဲ့ ၂ နှစ်ကြာ ကြိုတင်ပြင်ဆင်ထားခဲ့မှုတွေကို မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။

ယင်း ခရစ်ချာ့ချ် ဗလီကျောင်းတိုက်ခိုက်မှုဖြစ်ပြီး မတ် ၁၇ ရက်အထိတော့ သေဆုံးသူဦးရေဟာ ၅၀ ဦးအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly