အစိုးရဘတ်ဂျက်ခွဲဝေမှုနှင့် ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့ချောမွေ့စေရန် စီမံကိန်းဘဏ် စတင်ဆောင်ရွက်မည်

အစိုးရဘတ်ဂျက်ခွဲဝေမှုနှင့် ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့ချောမွေ့စေရန် စီမံကိန်းဘဏ် စတင်ဆောင်ရွက်မည်

ရန်ကုန်၊ မတ် ၁၆ ။          ။ အစိုးရဘတ်ဂျက်ခွဲဝေဆောင်ရွက်မှု ညှိနှိုင်းဆောင်ရွက်ရန်နှင့် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုဖွံ႔ဖြိုးရေးအထောက် အပံ့များ ချောမွေ့စေရန်အတွက် စီမံကိန်းဘဏ် (Project Bank) စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ကပြောကြားသည်။

 "အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ဖွံ႔ဖြိုးမှုပန်းတိုင်ဖြစ်တဲ့ အလုပ်အကိုင်ဖန်တီးရေးနဲ့ ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွံ႔ ဖြိုးရေးကို ရရှိစေဖို့အတွက် စီမံကိန်းဘဏ် (Project Bank) ကနေတစ်ဆင့် စီမံကိန်းဆောင်ရွက်မှုတွေကို ညှိ နှိုင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ချင်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကနေ အခြေခံအဆောက်အအုံ ဦးစားပေးစီမံကိန်းတွေ ကို ထုတ်ပြန်ကြေညာဖို့အတွက် စီမံကိန်းဘဏ်ကို စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ စီမံကိန်းဘဏ်ကတော့ အစိုးရဘတ်ဂျက်ခွဲဝေဆောင်ရွက်မှုကို ညှိနှိုင်း ဆောင်ရွက်ဖို့နဲ့ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုနဲ့ ဖွ့ံဖြိုးမှုအထောက်အပံ့တွေ ချောမွေ့စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါ တယ်" ဟု ဦးမြင့်ဆွေ ကပြောကြားသည်။

 ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ Chin State Investment and Product Fair ဖွင့်ပွဲအခမ်း အနားကို ရန်ကုန်မြို့ Myanmar Convention Center တွင် မတ် လ ၁၆ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအ နားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုများ၏ အဓိကစိန်ခေါ်မှုကို ဖြေရှင်းရန်နှင့် ပိုမိုကောင်းမွန်သော လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန်အတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု၏ အင်အားကို အသုံးပြုသွားမည်ဖြစ်ပြီး အလုပ်အကိုင်ဖန်တီး ရေးနှင့် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွ့ံ ဖြိုးရေးကို ရရှိစေဖို့အတွက် စီမံကိန်းဘဏ် (Project Bank)မှ တစ်ဆင့် စီမံကိန်းဆောင်ရွက်မှုများကို ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

 ကမ္ဘာ့ဘဏ် (World Bank) မှ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်သောအစီရင်ခံစာတွင် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အခြေအနေ (Ease of Doing Business Ranking) တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၉ဝတွင် အဆင့် ၁၇၁ ၌ နှစ်နှစ်ဆက်တိုက်ရပ်တည်နေပြီး ၂၀၂ဝခုနှစ်၌ ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု အဆင့် သတ်မှတ်ချက် အဆင့် ၁၀၀ အတွင်းရောက်ရှိစေရန် ရည်မှန်းထားကြောင်း ဦးမြင့်ဆွေ ကပြောသည်။

 အာရှဖွံ႔ဖြိုးရေးဘဏ်၏ တွက်ချက်မှုအရ ၂၀၁၈ခုနှစ်တွင် ထူးခြားဝင်ငွေတိုးတက်မှုနှုန်း ၅.၉ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ၆.၃ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required