တရုတ်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်သစ်အဖြစ် ကန်နဗာရိုကို ခန့်အပ်

တရုတ်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်သစ်အဖြစ် ကန်နဗာရိုကို ခန့်အပ်
Photo: EPA

အီတလီအသင်းခေါင်းဆောင်ဟောင်း ဖာဘီယို ကန်နဗာရိုဟာ တရုတ်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်သစ်အဖြစ် မာဆယ်လို လစ်ပီရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့သူ အသက် ၄၅ နှစ်အရွယ်ရှိ ပါးမား၊ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် နောက်ခံကစားသမားဟောင်း ကန်နာဗာရိုဟာ တရုတ်စူပါလိဂ်ကလပ်အသင်း ကွမ်ကျိုး အဲဗားဂရင်းကိုလည်း ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ဇန်နဝါရီလက အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ကနေ တရုတ်အသင်း ထွက်ခွာသွားပြီးနောက် နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ လစ်ပီဟာ အသင်းမှာ အကြံပေးတစ်ဦးအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

ကန်နဗာရိုရဲ့ ပထမဦးဆုံးပွဲစဉ်ဟာ မတ်လ ၂၁ ရက်မှာ တရုတ်ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားမယ့် ထိုင်းအသင်းနဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly