မကျေပွဲ တွဲဆိုင်း ၃ ဆိုင်း ပါဝင်နေသည့် ONE: A New Era

မကျေပွဲ တွဲဆိုင်း ၃ ဆိုင်း ပါဝင်နေသည့် ONE: A New Era

ရန်ကုန်၊ မတ်လ ၁၆ ။            ။ လာမည့် မတ်လ ၃၁ ရက်နေ့၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ryogoku Kokugikan တွင် ကျင်းပမည့် ONE: A New Era ပြိုင်ပွဲတွင် ဒုတိယ အဓိကတွဲဆိုင်းအဖြစ် ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ အောင်လအန်ဆန် (ချန်ပီယံ) နှင့် ကန်ဟက်ဆီကာဝါတို့ မကျေပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ဂျပန်ကစားသမား Ken Hasegawa တို့ ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ခဲ့ကြပြီး အောင်လအန်ဆန်က ၅ ချီအထိ ယှဉ်ပြိုင်ထိုးသတ်ကာ အနိုင်ရခဲ့သည်။ ယခုအခါ ဟက်ဆီကာဝါသည် မြန်မာ့စပါးအုံး အောင်လနှင့် ထပ်မံရင်ဆိုင်သွားမည် ဖြစ်သော်လည်း ယခု ပြိုင်ပွဲကိုမူ စိန်ခေါ်သူ ကန်ဟက်ဆီကာဝါ၏ နိုင်ငံတွင် ပြုလုပ်ခြင်း ဖြစ်သည်။

အဓိကတွဲဆိုင်းအဖြစ် ONE လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် Eduard Folayang (ချန်ပီယံ) နှင့် Shinya Aokiတို့ ယှဉ်ပြိုင်မည် ဖြစ်ပြီး ဒုတိယ အဓိကတွဲဆိုင်းအဖြစ် ONE ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံ ချန်ပီယံပြိုင်ပွဲ Kevin Belingon (ချန်ပီယံ) နှင့် Bibiano Fernandes၊ ဒုတိယ အဓိကတွဲဆိုင်းအဖြစ် ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲအောင်လအန်ဆန် (ချန်ပီယံ) နှင့် ကန်ဟက်ဆီကာဝါတို့ယှဉ်ပြိုင်မည် ဖြစ်ကာ ဒုတိယ အဓိကတွဲဆိုင်း ONE အမျိုးသမီးစတောဝိတ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ တွင် Xiong Jing Nan (ချန်ပီယံ) နှင့် Angela Lee တို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

ONE ဖလိုင်းဝိတ် ကမ္ဘာ့ Grand Prix ( ကွာတားဖိုင်နယ်) Demetrious Johnson နှင့် Yuya Wakamatsu၊ ONE လိုက်ဝိတ် ကမ္ဘာ့ Grand Prix (ကွာတားဖိုင်နယ်)Eddie Alvarez နှင့် Timofey Nastyukhin တို့ အသီးသီး ယှဉ်ပြိုင်မည် ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ONE: A New Era ပြိုင်ပွဲတွင် “မကျေပွဲနွှဲ” သည် ဟူသော စကားသည် ရေပန်းစားနေပြီး မကျေပွဲနွှဲရန် တွဲဆိုင်း ၃ ဆိုင်း ပါဝင်နေသည်။

ONE: A NEW ERA ပြိုင်ပွဲတွင် ဒုတိယ အဓိကတွဲဆိုင်းအပါအဝင်၊ ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ၄ ခု နှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပွဲဦးထွက်ပြိုင်ပွဲ ၂ ခု ပါ ပါဝင်နေပြီး kickboxing ပွဲစဉ်များဖြစ်သည့် Andy Souwer နှင့် Yodsanklai IWE Fairtex တို့ ယှဉ်ပြိုင်မည့် ပြိုင်ပွဲများလည်းပါဝင်သွားမည်ဖြစ်ကာ ဂျပန်နိုင်ငံ၏ အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံလောကတွင် ကျော်ကြားသော Mei Yamaguchi သည်လည်း ပါဝင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly