အိန္ဒိယနိုင်ငံက အမျိုးသားများကို ရိုက်တဲ့ ပွဲတော်

အိန္ဒိယနိုင်ငံက အမျိုးသားများကို ရိုက်တဲ့ ပွဲတော်

နယူးဒေလီ၊ မတ် ၁၆ ။              ။ အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်က ဘာစာနာမြိုငံက အမျိုးသားတွေကို အမျိုးသမီးတွေက တုတ်တွေနဲ့ ရိုက်တဲ့ လက်ရှ်မားဟိုလီ Lathmar Holi ပွဲတော်ကို ကျင်းပနေပါတယ်။

ဒီပွဲတော်မှာဆိုရင် ကာဒိုင်းကို ခေါင်းပေါ်မှာ ကာထားတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက တုတ်ချောင်းတွေနဲ့ အားကုန်လွှဲရိုက်ကြတာပါ။

ပွဲတော်အတွင်းပါဝင်သူတွေ အားလုံလိုလိုဟာလည်း ရောင်စုံဆေးမှုန့်တွေ ပေကျံလျက်ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ လက်ရှ်မားဟိုလီ ပွဲတော်ဟာ အိန္ဒိယသင်္ကြန်လို့ ဆိုရမယ့် ရောင်စုံဆေးမှုန့််တွေနဲ့ တစ်ဦးကို တစ်ဦး ပက်ဖျန်းကြတဲ့ ဟိုလီပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လို့ပါပဲ။

ဟိန္ဒူနွေဦးပွဲတော်ဖြစ်တဲ့ အဲဒီ ဟိုလီပွဲတော် မတိုင်ခင်မှာ လက်ရှ်မားဟိုလီပွဲတော်ကို ဥတာပရာဒက်ရ်ပြည်နယ် ဘာစာနာ၊ နန်ဂွန်နဲ့ မတ်သူရာမြို့တွေမှာ ကျင်းပလေ့ရှိကြပါတယ်။

ဒဏ္ဍာရီပုံပြင်တွေအရ ရှင်ဘုရင်ကြီး ကရီရှားနားဟာ သူ့ရဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိဖုရား ရက်ဟာရဲ့ မွေးရပ်မြေ ဘာစာနာရွာကို ခုလို နေ့ရက်ကာလမှာ လာရောက်လည်ပတ်ခဲ့တယ် ဆိုပါတယ်။

ဘုရင်ကြီးဟာ သူ့ မိဖုရားနဲ့ ရံရွှေတော်တွေကို စနောက်ကျီစယ်ရာမှာ မခံနိုင်ကြတဲ့ မိဖုရားနဲ့ ရံရွှေတော်တွေက ဘုရင်ကြီးကို ၀ိုင်းဝန်း မောင်းထုတ်ခဲ့ကြပါတယ်။

ဒီ ဒဏ္ဍာရီကို ယူပြီး နန်ဂွန်မြို့က အမျိုးသားတွေဟာ ဘာစာနာမြို့ဆီ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးတွေရဲ့ ရိုက်နှက်တာကို လာရောက်ခံယူကြရာကနေ အစဉ်အလာပွဲတော်တစ်ခုဖြစ်လာခဲ့တာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly