ဘာစီလိုနာနှင့် မန်ယူ ထိပ်တိုက်တွေ့ဆုံနေသည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များ မဲခွဲ

ဘာစီလိုနာနှင့် မန်ယူ ထိပ်တိုက်တွေ့ဆုံနေသည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များ မဲခွဲ

ဥရောပချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို မတ်လ ၁၅ ရက်နေ့က မဲခွဲခဲ့ရာ စပိန်ထိပ်သီးကလပ် အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံ နေခဲ့ပါတယ်။

ချန်ပီယံလိဂ် ၈သင်းအဆင့် ကွာတားဖိုင်နယ်ပွဲစဉ်များကို မဲခွဲခဲ့ရာတွင် နယ်သာလန်ကလပ် အေဂျက်စ် အသင်းဟာ အီတလီစီးရီးအေ၏ ထိပ်သီးအသင်းဖြစ်တဲ့ ဂျူဗင်တပ်နဲ့တွေ့ဆုံခဲ့ပြီး အင်္ဂလန်ကလပ် လီဗာပူးလ် အသင်းဟာ ပေါ်တူဂီကလပ် ပေါ်တိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်ကလပ်အသင်းနှစ်ခုဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ဟာ ကွားတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေရဲ့ ပထမအကျော့ပွဲစဉ်တွေကိုတော့ ဧပြီလ ၉ ရက်နဲ့ ၁ဝရက်တို့မှာ စတင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ ဧပြီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဆက်လက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့ကိုတော့ ဧပြီလ ၃၀ ရက်နေ့နဲ့ မေလ ၁ ရက်နေ့တို့မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မေလ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ ဇွန်လ ၁ရက်နေ့မှာ စပိန်နိုင်ငံက Estadio Metropolitano de Madrid ဘောလုံးကွင်း၌ ကျင်းပမှာ  ဖြစ်ပါတယ်။

 source by UEFA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly