ဖိလစ်ပိုင်မှာ အဆိုးဝါးဆုံး ရေရှားမှုနဲ့ ကြုံပြီး ပြည်သူ သန်းချီ ထိခိုက်

ဖိလစ်ပိုင်မှာ အဆိုးဝါးဆုံး ရေရှားမှုနဲ့ ကြုံပြီး ပြည်သူ သန်းချီ ထိခိုက်

မတ် ၁၅ ။     ။ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေရှားပါးမှုနဲ့ ကြုံတွေ့နေရလျက် ရှိတယ်လို့ သိရပါတယ်။

မြို့တွင်းနေ မိသားစုတွေဟာ လက်ရှိမှာ သုံးရေ ရဖို့အတွက် ရေပုံးကိုယ်စီကိုင်ပြီး ရေသယ်ယာဉ်တွေမှာ တန်းစီစောင့်ဆိုင်း ဖြည့်ယူနေကြရတယ်လို့ ဆိုပါတယ်။

မနီလာမြို့ရဲ့ လူဦးရေ ထက်ဝက်လောက်ရဲ့နေအိမ်တွေမှာတော့ လက်ရှိမှာ ဘုံဘိုင်ခေါင်းတွေမှာ ရေမလာဘဲ ဖြစ်နေပါတယ်။

ဒါဟာ မိုးရွာသွန်းမှု နည်းပါးတာ၊ အခြေခံအဆောက်အအုံ မလုံလောက်မှုတို့ကနေ ဖြစ်လာတဲ့အကျိုးဆက်တွေ လို့ ဆိုပါတယ်။

" ရေချိုးရင် ရေ ခုနစ်ခွက်တည်းနဲ့ လောက်အောင် ချိုးရမှာပါ၊ နောက်ပြီး အိမ်သာထဲ ဖြည့်ဖို့ ရေထပ်ချန်ထားရပါဦးမယ်" လို့ မနီလာ မြို့ခံ တစ်ဦးဖြစ်တဲ့ ရီကာဒို ဘာဂါဒိုက ပြောသွားပါတယ်။

ရေရှားပါးပြတ်တောက်မှုဟာ ပြီးခဲ့တဲ့အပတ်က အဆိုးဆုံးအခြေအနေ ဖြစ်လာခဲ့ပြီး မနီလာမြို့ အရှေ့ပိုင်းက ဧရိယာတွေမှာ နေအိမ်တွေဆီ ရေပေးဝေမှု လုံ့ဝ ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly