စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် Myanmar China Business Association အနေဖြင့် မှတ်ပုံတင်ထားဟု ဆို

စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် Myanmar China Business Association အနေဖြင့် မှတ်ပုံတင်ထားဟု ဆို

ရန်ကုန်၊ မတ် ၁၅ ။             ။ မြန်မာနှင့်တရုတ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် Myanmar China Business Association အနေဖြင့် မှတ်ပုံတင်ထားကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ကပြောသည်။

 "စီးပွားရေးတွေကို ပူးပေါင်းဆောင်ရွက်ဖို့ လာဆွေးနွေးတဲ့နေရာမှာ အထူးသဖြင့်တော့ တရုတ်ပြည်သူ့သမ္မတနိုင် ငံဘက်က တော်တော်လေး လုပ်ငန်းရှင်တွေက လုပ်ချင်ကိုင်ချင်စိတ်တွေ ရှိလာတယ်။ သူတို့အနေနဲ့ တရုတ်သံ ရုံးက သံအမတ်ကြီးကိုယ်တိုင် လာရောက်တွေ့ဆုံပြီးတော့ Myanmar China Business Council ဖွဲ့ချင်တယ်ဆို ပြီး ပြောပါတယ်။ သို့သော်လည်း Council စကားလုံးက ကျွန်တော်တို့ ဥပဒေအကြောင်းအရဖွဲ့ဖို့ Council သုံးမ ရတဲ့အတွက် Association အနေနဲ့ပဲဖွဲ့ဖို့အတွက် Myanmar China Business Council အစား Myanmar China Business Association အနေနဲ့ မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်" ဟု ဦးဇော်မင်းဝင်း ကပြောသည်။

 ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေး နွေးပွဲ ၂၅ကြိမ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် မတ် ၁၅ ရက် က ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

 တရုတ်သံရုံးအကူအညီဖြင့် တရုတ်နိုင်ငံမှ ပြည်တွင်း၌ အမှန်တကယ်လာရောက်လုပ်ကိုင်မည့် လုပ်ငန်းရှင်များ အဖွဲ့ကိုလည်း စာရင်းပြုစုဆောင်ရွက်နေပြီး နည်းပညာနှင့် တာဝန်ယူမှုတာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းရှင် များ ပါဝင်အောင် လုပ်ဆောင်နေကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်မှ လုပ်ငန်းရှင်တစ်ချို့သည် ပြည်တွင်း၌ Association များလာရောက်ဖွဲ့စည်းခြင်းများရှိပြီး တိုင်ကြားရန်ရှိသည့်အခါ သက်ဆိုင်ရာ တရုတ်နိုင်ငံသံရုံးကို မေးမြန်းရာတွင် မသိရှိခြင်းများလည်းရှိကြောင်း ဦးဇော်မင်းဝင်း ကပြောသည်။

 ထို့ကြောင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ ပြည်တွင်းကိုလာရောက် ရင်းနှီးမြှုပ်နှံရာတွင် စနစ်တကျဖြစ်အောင် တရုတ်နိုင်ငံသံရုံးနှင့် ချိတ်ဆက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly