၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီ မဟာဗျူဟာများ ရေးဆွဲပြင်ဆင်နေ

၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီ မဟာဗျူဟာများ ရေးဆွဲပြင်ဆင်နေ

မန္တလေး၊ မတ် ၁၅ ။       ။ NLD ပါတီအနေဖြင့်၂၀၂၀ ရွေးကောက်ပွဲအတွက် မဟာဗျူဟာများရေးဆွဲ၍ ပြင်ဆင်မှုများ လုပ်ဆောင် လျက်ရှိသည်ဟု NLD ပါတီ၏ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမကိုပြောသည်။

"၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ကျွန်တော်တို့ သုံးနေရာရှုံးသွားတဲ့ အပေါ် သုံးသပ်ပြီးတော့ မဟာဗျူဟာတွေ ချရမှာပေါ့နော်။ဒါကြောင့် ကျွန်တော်တို့ ပြင်ဆင်တာတွေ လုပ်နေပါတယ်။"ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

NLDပါတီသည် ၂၀၂ဝရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အရေးယူမှုများ ဆောင်ရွက်လျက်ရှိပြီး ပါတီခိုင်မာမှုအတွက်နှင့် ရှင်သန်မှုတို့အတွက် ထိုသို့ လုပ်ဆောင် ရသည်ဟု ဒေါက်တာ ဇော်မြင့်မောင်ကဆိုသည်။

"ပါတီက ကျွန်တော်တို့အနေဖြင့် စည်းမျဉ်း စည်းကမ်းတွေရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် တိုင်ရင် ဒေါက်တာမျိုးညွှန့်တို့က လုပ်တယ်။တစ်ခြားပါတီဝင်တွေကိုတိုင်တယ်ဆိုရင်လည်း ဦးဉာဏ်ဝင်းတို့အဖွဲ့ရှိတယ်။အမှုတွေပေါ်ကို မူတည်ပြီးတော့ စစ်ကြတယ်။အထူးအဖွဲ့ ဖွဲ့ပြီးစစ်တာတွေလည်း ရှိတယ်။တိုင်းနဲ့ပြည်နယ်ကို ပြန်ချပြီး စစ်တာတွေလည်းရှိတယ်။ပါတီစည်းကမ်းထိန်းသိမ်းရေးကို ကျွန်တော်တို့ ကြပ်ကြပ်မတ်မတ်လုပ်နေပါတယ်။"ဟုဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးနေမှုများနှင့်ပတ်သက်၍ ဒေါက်တာဇော်မြင့်မောင်မှတစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ လက်ရှိတွင် NLD ပါတီသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုဖြင့် ထိန်းသိမ်းခဲ့ပြီး ပါတီမှ အရေးယူမည့် ကိစ္စကို ဆက်လက်ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly