မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဝမ်းကွဲအစ်ကိုကို လုပ်ကြံမှုက ဗီယက်နမ်သူကို ပြန်လွှတ်ပေးဖို့ လျှောက်ထားချက် ပယ်ချခံရ

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဝမ်းကွဲအစ်ကိုကို လုပ်ကြံမှုက ဗီယက်နမ်သူကို ပြန်လွှတ်ပေးဖို့ လျှောက်ထားချက် ပယ်ချခံရ

ကွာလာလမ်ပူ၊ မတ် ၁၄ ။      ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ရဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူ ကင်ဂျုံးနမ်ကို လုပ်ကြံမှုက သံသယရှိ တရားခံနှစ်ဦးအနက် တစ်ဦးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံသူကို ပြန််လွှတ်ပေးလိုက်ပေမယ့် ကျန််တစ်ဦးဖြစ်တဲ့ ဗီယက်နမ်နိုင်ငံသူကို ပြန်လည်လွှတ်ပေးဖို့ လျှောက်ထားချက်ကို တရားရုံးက ကြာသပတေးနေ့မှာ ပယ်ချလိုက်ပါတယ်။

ရှေ့နေချုပ်က ပြည်လည်လွှတ်ပေးရေး လျှောက်ထားချက်ကို ပယ်ချပြီး လူသတ်မှုပုဒ်မနဲ့ ဆက်လက်စစ်ဆေးသွားမယ်လို့ အစိုးရရှေ့နေတွေက ကြေညာချိန်မှာ ဗီယက်နမ်သူ ဒိုအန်းသီဟောင်းဟာ မျက်ရည်ကျ ငိုယိုခဲ့ပါတယ်။

ဗီယက်နမ်မှာရှိတဲ့ ဒိုအန်းရဲ့ မိသားစုမှာလည်း အခု တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဝမ်းနည်းကြေကွဲသွားပါတယ်။ “ကျန်တစ်ဦးကိုတော့ လွှတ်ပြီး ကျွန်မတို့ သမီးကိုကျ ဘာကြောင့် မလွှတ်တာလဲ။”လို့ ဒိုအန်းရဲ့ မိခင်ဖြစ်သူက ကြေကွဲဝမ်းနည်းစွာ ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်က ကွာလာလမ်ပူလေဆိပ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးနမ် လုပ်ကြံခံရလို့ သေဆုံးတာဖြစ်ပြီး ဒီအမှုအတွက် အင်ဒိုနီးရှားနိုင်ငံသူ ဆစ်တီအစ်စာယက်စ်နဲ့ ဗီယက်နမ်နိုင်ငံသူ ဒိုအန်းတို့ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။

၎င်းတို့နှစ်ဦးဟာ ရုပ်မြင်သံကြား ဟာသကဏ္ဍအတွက် လူတစ်စုက ငွေပေးစေခိုင်းတာကြောင့် ကင်ဂျုံးနမ် မျက်နှာကို မှုတ်ဆေးနဲ့ ပက်ဖျန်းခဲ့တာလို့ ဆိုပါတယ်။ ဒီလို မှုတ်ဆေးနဲ့ ဖျန်းခံရအပြီး ကင်ဂျုံးနမ် သေဆုံးတာဖြစ်ပြီး ဒါဟာ ဒုတိယကမ္ဘာစစ်ကာလ အဆိပ်ဓာတ်နဲ့ လုပ်ကြံမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေမှာတော့ ဖမ်းဆီးထားတဲ့ ၎င်းတို့နှစ်ဦးအနက် ဆစ်တီကို မလေးရှားနိုင်ငံက ကွင်းလုံးကျွတ် ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး ဒီကနေ့မှာ ဒိုအန်းကို တရားစစ်ဆေးရာမှာ ပြန်လွှတ်ပေးရေး လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်တာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly