လိင်အရှုပ်တော်ပုံကြောင့် နောက်ထပ် ကေပေါ့ပ် စတားတစ်ဦး အနုပညာအလုပ်ကနေ အနားယူပြန်

လိင်အရှုပ်တော်ပုံကြောင့် နောက်ထပ် ကေပေါ့ပ် စတားတစ်ဦး အနုပညာအလုပ်ကနေ အနားယူပြန်

မတ် ၁၃ ။            ။ တောင်ကိုရီးယား ကေပေါ့ပ် လိင်အရှုပ်တော်ပုံသတင်းတွေ ပျံ့နှံ့နေစဉ်မှာပဲ နောက်ထပ် ဒုတိယမြောက် တောင်ကိုရီးယား အနုပညာရှင်တစ်ဦး အလုပ်တွေကနေ အနားယူကြောင်း ကြေညာသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် တောင်ကိုရီးယား ကေပေါ့ပ်အဆိုတော် Jung Joon-young က အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံပြီး လျှို့ဝှက် ဗီဒီယိုရိုက်ယူထားကာ ယင်းကို sex group chat ထဲ ဝေမျှခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံပြီးနောက် ယခုလို အနုပညာအလုပ်တွေကနေ နုတ်ထွက်ကြောင်း ကြေညာသွားခဲ့တာဖြစ်ပါတယ်။

၎င်း ဝေမျှတဲ့ group ထဲမှာ နာမည်ကျော် BigBang အဖွဲဲဝင်တစ်ဦးဖြစ်တဲ့ Seungri လည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။

Seungri ကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပြည့်တန်ဆာ မိန်းကလေးတွေ ရှာပေးခဲ့တယ်လို့ စွပ်စွဲခံထားရပြီးနောက် ပြီးခဲ့တဲ့ ရက်ကပဲ ၎င်းရဲ့ အနုပညာအလုပ်တွေကနေ အနားယူတော့မယ်လို့ ကြေညာထားခဲ့တာဖြစ်ပါတယ်။

ယခု ဖြစ်ခဲ့တာတွေနဲ့ပတ်သက်လို့ အပြစ်ရှိကြောင်း Jung Joon-young ကတော့ ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

" ကျွန်တော့်အပြစ်တွေ အားလုံးကို ဝန်ခံချင်ပါတယ်၊ အမျိုးသမီးတွေရဲ့ ဆန္ဒမပါဘဲ ကျွန်တော် ဗီဒီယိုရိုက်ထားမိပါတယ်၊ ပြီးတော့ chatroom ထဲ share လုပ်ခဲ့ပါတယ်"လို့ Jung က ဝန်ခံသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly