ကျောက်ချော စစ်ဆေးရေးစခန်းတွင် WY ဆေးပြားရှစ်သိန်းကျော် ဖမ်းမိ

ကျောက်ချော စစ်ဆေးရေးစခန်းတွင် WY ဆေးပြားရှစ်သိန်းကျော် ဖမ်းမိ
(ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့)

မန္တလေး၊ မတ် ၁၂ ။            ။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်းတွင် ယာဉ်တစ်စီးပေါ်မှ WY ဆေးပြားရှစ်သိန်းကျော်ကို မတ်လ ၁၁ ရက်၊နံနက် ၄ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရသည်။

မူးယစ်တပ်ဖွဲ့စု ၁၇ မှတပ်ဖွဲ့ဝင်များနှင့်အကောက်ခွန်ဦးစီးဌာနမှတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၆)မိုင်ကျောက်ချော စစ်ဆေးရေးစခန်း၌ ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မိုင်းရှူး မှရန်ကုန်ဘက်သို့ ဝမ်လွယ်ရွာ၊ မိုင်းရှူးမြို့နယ်နေသူ သော်လ ၂၁ နှစ်မောင်းနှင်ပြီး ယာဉ်ရှေ့ခန်း၌ (၂)ရပ်ကွက်၊ တန့်ယန်းမြို့တွင် နေထိုင်သော အိုက်လုံး ၃၁ နှစ်နှင့် ယာဉ်နောက်ခန်း၌ ဝမ်လွယ်ရွာ၊ မိုင်းရှူးမြို့နယ်တွင် နေထိုင်သော ဖြိုးသီဟ (ခ)အိုက်ဖြိုး ၃၅ နှစ်တို့ လိုက်ပါလာသည့် YGN 1D-×××× စိမ်း/ခဲရောင်ယာဉ်အားရပ်တန့်၍ Protable X-RaySystem စက်ဖြင့် စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာတွင် ယာဉ်နောက်ခန်း နောက်ထိုင်ခုံအောက် ကြမ်းခင်းအံဝှက် တူးဘောက်စ် အတွင်း သိုဝှက် သယ်ဆောင်လာသည့်အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ငယ်များအတွင်း ထည့်လျက် WY စာ တန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုတ်စီး ၅ စီးပါ ပါကင်ထုပ်ကြီး ၄၁ ထုပ်၊ ဆေးပြား ပေါင်း ၄၁၀၀၀၀ ပြား၊ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုတ်စီး ၅၈ ထုပ်၊ ဆေးပြားပေါင်း ၁၁၆၀၀၀ ပြား၊ အဆိုပါယာဉ်၏ ကားအပိုဘီးတာယာအတွင်းသိုဝှက်သယ်ဆောင်လာသည့် အပြာရောင်ပလပ်စတစ်ကပ်ခွာ အိတ်ငယ် များအတွင်းထည့်လျက် WY စာတန်းပါလိမ္မော်ရောင်စိတ်ကြွရူး သွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စီး ၅ စီးပါ ပါကင်ထုပ်ကြီး ၂၄ ထုပ်၊ ဆေးပြားပေါင်း ၂၄၀၀၀၀ ပြား၊ WYစာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စီး ၅၁ ထုပ်၊ ဆေးပြားပေါင်း ၁၀၂၀၀၀ ပြား၊ စုစု ပေါင်းဆေးပြား ၈၆၈၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါကိစ္စအတွက် မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် ဖြိုးသီဟ(ခ) အိုက်ဖြိုးပါ ၃ ဦးအား အုန်းချော နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly