မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှုနဲ့ ရေခမ်းပါးခြောက်သွေ့မှုတို့ကို ရင်ဆိုင်နေရဟု ဆို

မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှုနဲ့ ရေခမ်းပါးခြောက်သွေ့မှုတို့ကို ရင်ဆိုင်နေရဟု ဆို

ရန်ကုန်၊ မတ် ၁၂ ။              ။ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ရေအရင်းအမြစ်နှင့်ဆိုင်သော ရေလွှမ်းမိုးမှုနှင့် ရေခမ်းပါးခြောက် သွေ့မှုကို ရင်ဆိုင်နေရကြောင်း Chair 0f Bio-Energy Working Group, ICID မှ Tenured Associate Professor  Mr. TIAN Fuqiang ကပြောသည်။

"မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ်ပြဿနာအခက်အခဲက တစ်ကမ္ဘာလုံးရဲ့ရေအရင်းအမြစ်ပြဿနာအခက်အခဲနဲ့ တူတဲ့ဟာရှိတယ်။ မတူတဲ့ဟာလည်းရှိပါတယ်။ တူတဲ့ဟာက ရေဘေးဒုက္ခပေါ့။ ရေဘေးဒုက္ခမှာ ရေလွှမ်းမိုးမှုနဲ့ ရေခမ်းပါးခြောက်သွေ့မှု နှစ်ခုပါ။ ဒီနှစ်ခုက အင်မတန်ဆိုးရွားတဲ့ ထိခိုက်မှုရှိပါတယ်။ လူမှုစီးပွားဖွံ႔ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ်ဖွံ႔ဖြိုးတိုးတက်မှုအတွက် ထိခိုက်မှုရှိပါတယ်" ဟု Mr. TIAN Fuqiang ကပြောသည်။

ရေအရင်းအမြစ်ချို့တဲ့မှုသည် မြန်မာနိုင်ငံတွင်မဟုတ်ဘဲ ကမ္ဘာပေါ်တွင်လည်းရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ တွင် ရေအရင်းအမြစ်အတွက် စဉ်ဆက်မပြတ်ထောက်ပံ့မှုတွင် အခက်အခဲများရှိပြီး အခြေခံအဆောက်အအုံ (Infrastructure) အားနည်းချက်များကြောင့် သောက်သုံးရေအတွက် အခက်အခဲအချို့ကြုံတွေ့ရကြောင်း သိရသည်။

"ရေပိတ်အဆောက်အအုံ၊ ရေပိတ် Structure တွေချို့တဲ့အတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းပိုင်းဆိုင် ချို့တဲ့အတွက် သန့်ရှင်းတဲ့ ရေထောက်ပံ့သုံးစွဲမှုကိုလည်း အခက်အခဲတွေ့နေပါတယ်" ဟု Mr. TIAN Fuqiang ကပြောသည်။

ရေအရင်းအမြစ်ညစ်ညမ်းမှုပြဿနာကို ကမ္ဘာတွင် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံတွင် ဆိုးရွား သည့်အခြေအနေမရှိကြောင်း သို့သော် စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ရေထုညစ်ညမ်းမှု စွန့်ပစ်ခြင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသအချို့တွင် ရေအရင်းအမြစ်ညစ်ညမ်းမှုများကို တွေ့ရှိရကြောင်း Mr. TIAN Fuqiang ကပြောသည်။

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝပြီး အာဆီယံ(၁၀)နိုင်ငံ၏ ရေ (၁၆)ရာခိုင်နှုန်း ခန့်နှင့် အာရှတိုက် တစ်တိုက်လုံး၏ ရေ(၁၂)ရာခိုင်နှုန်းခန့်အထိ ပိုင်ဆိုင်သဖြင့် ရေအရင်း အမြစ်များ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း  (၂ဝ၁၉) ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly