Boeing 737 Max လေယာဉ်တွေ ပျံသန်းမှု ရပ်ဆိုင်းတဲ့ နိုင်ငံတွေထဲမှာ စင်ကာပူ၊ သြစတြေးလျတို့ ပါဝင်လာ

Boeing 737 Max လေယာဉ်တွေ ပျံသန်းမှု ရပ်ဆိုင်းတဲ့ နိုင်ငံတွေထဲမှာ စင်ကာပူ၊ သြစတြေးလျတို့ ပါဝင်လာ

မတ် ၁၂ ။        ။ Boeing ကုမ္ပဏီရဲ့ 737 Max 8 လေယာဉ်ကြီးတွေ ပျံသန်းပြေးဆွဲခွင့် ပိတ်ပင်တားမြစ်တဲ့ နိုင်ငံတွေထဲမှာတော့ ယခုအခါ စင်ကာပူ၊ သြစတြေးလျနဲ့ တောင်ကိုရီးယားတို့လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မတ် ၁၀ ရက်က လူ ၁၅၇ ဦး သေဆုံးခဲ့တဲ့ အီသီယိုးပီးယား ခရီးသည်တင်လေယာဉ် ပျက်ကျမှု ဖြစ်စဉ်နောက်ပိုင်း ယခုလို အဆိုပါ 737 Max 8 လေယာဉ်တွေကို တားမြစ်လာကြတာ ဖြစ်ပါတယ်။

ယမန်နေ့ကတော့ ယင်းလေယာဉ်တွေကို ပျံသန်းမှု ရပ်ဆိုင်းဖို့ တရုတ်နဲ့ အင်ဒိုနီးရှားတို့က ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။

မတ် ၁၂ ရက်မှာတော့ နိုင်ငံ လေပိုင်နက်ထဲမှာ ယင်း Boeing 737 Max လေယာဉ်တွေ ပျံသန်းခွင့် ရပ်ဆိုင်းကြောင်း စင်ကာပူက ထုတ်ပြန်ကြေညာပြီး ရှေ့ဆင့် နောက်ဆင့် ဆိုသလို သြစတြေးလျနဲ့ တောင်ကိုရီးယားတို့လည်း အလားတူအတိုင်း ကြေညာလာခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly