မြန်မာနိုင်ငံဘက်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အိန္ဒိယအမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိ

မြန်မာနိုင်ငံဘက်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အိန္ဒိယအမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိ
A general view shows Indo-Myanmar International border fencing Moreh a border town in India’s northeastern state of Manipur bordering Myanmar’s Tamu town. Photo: EPA

မတ် ၁၂ ။          ။ အသက် ၃၆ နှစ်အရွယ် အိန္ဒိယနိုင်ငံသားတစ်ဦးဟာ မတ်လ ၁၁ ရက်က မြန်မာနိုင်ငံ နယ်နမိတ်ထဲ ဝင်ရောက်ပြီး သွားလာနေခဲ့စဉ် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိတာကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်လို့ NDTV သတင်းတစ်ရပ်အရ သိရပါတယ်။

ယင်းဖြစ်စဉ်ဟာ အိန္ဒိယ-မြန်မာ နယ်စပ် နယ်နမိတ်တိုင် အမှတ် ၂ အနီး တောအုပ်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Bangdukbanga ကျေးရွာမှာ နေထိုင်တဲ့ အဆိုပါ အိန္ဒိယအမျိုးသားဟာ အခြား အဖော်နှစ်ဦးနဲ့အတူ ယင်းနေ့က စားစရာရှာဖို့အတွက် မြန်မာနိုင်ငံဘက်ထဲ ဝင်ရောက် လျှောက်သွားနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းနောက် ၎င်းအိန္ဒိယအမျိုးသားဟာ မြေမြှုပ်မိုင်းကို မတော်တဆ တက်နင်းမိရာကနေ မိုင်းပေါက်ကွဲလို့ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ၎င်းရဲ့ ညာဘက်ခြေထောက် ပြတ်သွားတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly