အိန္ဒိယမှာ ဟိုလီပွဲတော်အတွက် အကြိုပြင်ဆင်မှုတွေ လုပ်ဆောင်နေ

အိန္ဒိယမှာ ဟိုလီပွဲတော်အတွက် အကြိုပြင်ဆင်မှုတွေ လုပ်ဆောင်နေ

မတ် ၁၂ ။            ။ ဟိန္ဒူရိုးရာ နွေဦးရာသီ ပွဲတော် မကြာမီ ရောက်ရှိတော့မှာဖြစ်တဲ့အတွက် အိန္ဒိယမှာတော့ ယင်းပွဲတော်အတွက် အကြိုပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဟိုလီ ဆေးရောင်စုံ ပွဲတော်မတိုင်ခင် အိန္ဒိယ အရှေ့မြောက်ပိုင်းက ရွာသားတွေကတော့ ယခု ရက်ပိုင်းမှာ ကာလာစုံ ဆေးမှုန့်တွေကို ပြင်ဆင်နေပါတယ်။

ယင်း ဟိုလီ နွေဦးရာသီ ပွဲတော်အတွင်းမှာတော့ 'gulal'လို့ သိကြတဲ့ ရောင်စုံ ပေါင်ဒါမှုန့်တွေကို အသုံးပြုကြမှာဖြစ်ပါတယ်။

ဟိုလီ ပွဲတော်ကတော့ အိန္ဒိယမှာ ဆောင်းရာသီကုန်ဆုံးတဲ့ ကာလမှာ ကျင်းပလေ့ ရှိပါတယ်။

ယခုနှစ်မှာတော့ လာမယ့် မတ်လ ၂၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly