စစ်ကြောင်းလမ်းပြလုပ်ပေးခဲ့ရသည့်ရွာသား ၃ ဦး မိုင်းထိ၊ ၁ဦးသေဆုံး

By ကျော်လင်း
11 March 2019
စစ်ကြောင်းလမ်းပြလုပ်ပေးခဲ့ရသည့်ရွာသား ၃ ဦး မိုင်းထိ၊ ၁ဦးသေဆုံး
မြေမြုပ်မိုင်းနင်းမိသည့် လမ်းပြရွာသား ဦးဇနီအောင်

တပ်မတော်က စစ်ကြောင်းလမ်းပြအဖြစ် ခေါ်ဆောင်သွားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ခြစ်ချောင်းကျေးရွာအုပ်စု၊ စာပေါင်အလယ်ရွာမှ ရွာသားသုံးဦးသည် မတ်လ ရက်နံနက်ပိုင်းက  မြေမြုပ်မိုင်းနင်းမိခဲ့သဖြင့် ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့ကြောင်း မြောက်ဦးမြို့မှ သတင်းအရင်းအမြစ်များက ပြောသည်။

စာပေါင်အလယ်ရွာသားများဖြစ်ကြသည့် အသက် ၆၈ နှစ်အရွယ် ဦးကြာထွန်းအောင်၊ အသက် ၅၈ နှစ်အရွယ် ဦးဇနီအောင် နှင့် အသက် ၃၈ နှစ်အရွယ် ဦးမောင်သိန်းကျော် တို့အားတပ်မတော်စစ်ကြောင်းက မတ်လ ၉ရက် နံနက်ပိုင်းတွင် လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ကြောင်း ရွာသားများကို ကိုးကားပြီး ခြစ်ချောင်း အုပ်ချုပ်ရေးမှူး  ဦးမောင်သိန်းထွန်းက ပြောသည်။

နောက် ၁ရက် ကြာသည်အထိ ပြန်မရောက်လာသည့်အတွက် စုံစမ်းချိန်မှ စာပေါင်ကျေးရွာနှင့် ၇မိုင် ခန့်ကွာဝေးသည့် တောင်ကုန်းများထူထပ်ရာ လေးမြို့မြစ် အရှေ့ဖက် ကျောက်ပေါက်ရွာအနီးတွင် ၎င်းတို့မိုင်းနင်းမိခဲ့ကြသည့် သတင်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးကပြောသည်။

ရွာသားများသည် လမ်းပြအဖြစ် တာဝန်ယူရစဉ် စစ်ကြောင်း၏ရှေ့ဆုံးနေရာများမှ သွားလာခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာသည့် ဦးဇနီအောင်၏ ပြောကြားချက်ကို ကိုးကားပြီး ရခိုင်အမျိုးသားပါတီ (မြောက်ဦးမြို့ ) အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောသည်။

မိုင်းပေါက်ကွဲမှုက ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ဦးကြာထွန်းအောင် သည်ယင်းနေရာတွင် သေဆုံးသွားခဲ့ပြီး ဦးဇနီအောင် သည်ရင်ဘက်နှင့် မျက်နှာ၊ ဦးမောင်သိန်းကျော်သည် ဒူးတို့တွင် ဒဏ်ရာရခဲ့ကြောင်း ခြစ်ချောင်း အုပ်ချုပ်ရေးမှူး  ဦးမောင်သိန်းထွန်းက ပြောသည်။

ဒဏ်ရာရသူ နှစ်ဦးအနက်မှ ဦးဇနီအောင်သည် ပြင်းထန်သောကြောင့် မြောက်ဦးနှင့် စစ်တွေ ဆေးရုံများသို့ အရေးပေါ် တင်ပို့ခဲ့ရသည်။

ရှေ့ဆုံးက ပွဲချင်းပြီးသေတဲ့သူက မိုင်းနင်းပြီး သေတဲ့လူဖြစ်ပါလိမ့်မယ်။ နောက်ကလူကတော့ ခုမြောက်ဦးဆေးရုံကို ရောက်နေတဲ့သူပေါ့။ မောင်သိန်းကျော်ဆိုတဲ့သူကတော့ နောက်ဆုံးကလူဖြစ်တဲ့အတွက် လွတ်သွားတာပေါ့အုပ်ချုပ်ရေးမှူး  ဦးမောင်သိန်းထွန်းက ပြောသည်။

RFA သတင်းဌာနနှင့် ဒေသခံအချို့၏ အဆိုအရ လက်မောင်းတွင် ၂၂ တံဆိပ်ပါ တပ်ယူနီဖောင်းဝတ် စစ်ကြောင်းက ရွာသားများအား ခေါ်ဆောင်သွားသည်ဟု ဆိုသော်လည်း တပ်မတော်ထံမှ သီးခြား အတည်ပြုချက်မရသေးပါ။

အဆိုပါ အဖြစ်အပျက်နှင့်ပတ်သတ်ပြီး တပ်မတော်ထံ ထင်မြင်ချက်တောင်းခံရန် ဆက်သွယ်ခဲ့သော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရသေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly