လူ ၁၅၀ နီးပါး လိုက်ပါသွားတဲ့ အီသီယိုးပီးယား ခရီးသည်လေယာဉ် ပျက်ကျ

လူ ၁၅၀ နီးပါး လိုက်ပါသွားတဲ့ အီသီယိုးပီးယား ခရီးသည်လေယာဉ် ပျက်ကျ

မတ် ၁၀ ။      ။   အီသီယိုးပီးယား လေကြောင်းလိုင်းရဲ့ Boeing 737 ခရီးသည်လေယာဉ်တစ်စင်းဟာ မတ်လ ၁၀ ရက်က မြို့တော် အာဒစ် အဘာဘာကနေ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ဆီ ဦးတည်ပျံသန်းသွားတဲ့ လမ်းမှာ ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ်ပေါ်မှာတော့ ခရီးသည် ၁၄၉ ဦးနဲ့ လေယာဉ် အမှုထမ်း ရှစ်ဦး ပါရှိသွားတယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။

အီသီယိုးပီးယား မြို့တော်ကနေ ပျံတက်သွားပြီး သိပ်မကြာခင် မတ်လ ၁၀ ရက် ဒေသစံတော်ချိန် ၈ နာရီ ၄၄ မိနစ်မှာ ပျက်ကျသွားတာဖြစ်ကြောင်း လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ခရီးသည်တင်လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီယီ အာမက်ဒ်ကလည်း တွစ်တာကနေ ဝမ်းနည်းကြောင်း ရေးထားပါတယ်။

လေယာဉ်ပျက်ကျသွားရာနေရာကို သွားရောက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပြီဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောပါတယ်။

လက်ရှိအချိန်ထိတော့ သေဆုံးသူ အရေအတွက်၊ အသက်ရှင်ကျန်ရစ်သူ ရှိမရှိ စတာတို့နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly