ကိုလံဘီယာမှာ လေယာဉ်ပျက်ကျလို့ လူ ၁၂ ဦး သေဆုံး

ကိုလံဘီယာမှာ လေယာဉ်ပျက်ကျလို့ လူ ၁၂ ဦး သေဆုံး

မတ် ၁၀ ။      ။ ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းမှာ မတ်လ ၉ ရက်က လေယာဉ်တစ်စင်း ပျက်ကျလို့ လေယာဉ်ပေါ် ပါရှိသွားသူ ၁၂ ဦးစလုံး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်း လေယာဉ်ပျက်ကျမှုမှာတော့ မြို့တော်ဝန်တစ်ဦးနဲ့ ၎င်းရဲ့ မိသားစုဝင်တွေလည်း ပါသွားကြောင်း လေကြောင်းအာဏာပိုင်အဖွဲ့နဲ့ အရေးပေါ် ကယ်ဆယ်ရေး အေဂျင်စီတို့က ပြောပါတယ်။

အမေရိကန်လုပ် အင်ဂျင်နှစ်လုံးတပ် Douglas DC-3 လေယာဉ်ဟာ ဆန်ဟိုဆေး ဒယ်လ် ဂွေးဗီးယားမြို့ နဲ့ ဗီလာဗီဆန်စီရို မြို့တွေကြား ပျံသန်းစဉ် ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျပြီး မီးထလောင်ခဲ့ကြောင်း မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကံမကောင်းစွာနဲ့ပဲ အသက်ရှင်ကျန်ရစ်သူ မရှိပါဘူး” လို့ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

လေယာဉ်အပျက်အစီးတွေကို ဗီလာဗီဆန်စီရို မြို့နားမှာ ပြန်ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း ယင်းက ထုတ်ပြန်သွားပါတယ်။

သေဆုံးသူတွေထဲမှာတော့ တာရဲရား ဒေါရစ် ဗီလက်ဂက်စ် မြို့ရဲ့ မြို့တော်ဝန် နဲ့ ၎င်းရဲ့ ခင်ပွန်း၊ သမီးဖြစ်သူတို့လည်း ပါသွားကြောင်း သိရပါတယ်။

ယင်း လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ သေဆုံးသွားသူတွေအတွက် များစွာ ဝမ်းနည်းမိကြောင်း သမ္မတ အိုင်ဗန် ဒူကွေးကလည်း တွစ်တာကနေတဆင့် ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly