မြန်မာပရိသတ်ရှေ့မှောက်မှာ အောင်ပွဲခံနိုင်ခဲ့တဲ့ MMA ကစားသမား တိုင်းရင်းသား သုံးဦး

မြန်မာပရိသတ်ရှေ့မှောက်မှာ အောင်ပွဲခံနိုင်ခဲ့တဲ့ MMA ကစားသမား တိုင်းရင်းသား သုံးဦး

မတ်လ ၉ ရက် ။       ။ မြန်မာလက်ဝှေ့ပရိသတ်တွေ တခဲနက် အားပေးကြတဲ့ MMA (ဘက်စုံသုံး ကမ္ဘာကိုယ့်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ) One Championship ပြိုင်ပွဲရဲ႕ ပွဲစဉ်တစ်ခုဖြစ်တဲ့ Reign of Valor ပြိုင်ပွဲမှာ မြန်မာနိင်ငံကိုယ်စားပြု ကစားသမား ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပါတယ်။

အောင်လအန်ဆန် (Burmese Python) ၏ လေ့ကျင့်သင်ကြားမှုနဲ့ ချင်းတိုင်းရင်းသား တီရဲထန်လ်က ချင်းပြည်နယ်၊ နပမ်းချန်ပီယံဆုကို လေးကြိမ်အထိ ရရှိထားပြီး MMA ပြိုင်ပွဲကို ဝင်ရောက် မယှဉ်ပြိုင်ခင် တည်းကမြန်မာပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတာကြောင့် Reign of Valor မှ ၂၀၁၉ ခုနှစ်၊ အားကစားပြိုင်ပွဲ တစ်ခု ၏ စိတ်ဝင်စားမှုအမြင့်ဆုံးလို့ ပြောလို့ရပါတယ်။

တီရဲလ်ထန်အနေဖြင့် အောင်လအန်ဆန်ရဲ့ နာမည်ကျော် ချုပ်ကွက်တွေ ၊ အတူတူ လေ့ကျင့်ထားတဲ့ တိုက်ကွက်တွေ ၊ အောင်လအန်ဆန် အနီးကပ်သင်ကြားပေးထားတဲ့ တိုက်ကွက်များဖြင့် ပြိုင်ပွဲတွင် အသုံးချနိုင်မလား ဆိုတာ စောင့်ကြည့်ခဲ့ကြတဲ့ပွဲအဖြစ် မြန်မာပရိသတ်အကြား ငြင်းခုန်ပြောဆိုမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် မနောရဲ့ ဗိုလ်အောင်ဒင် သီချင်းနဲ့ ပွဲထွက်လာတဲ့ တီရဲလ်ထန်ကိုကြည့်ပြီး  မြန်မာပရိသတ်တွေ တအံ့တသြ ဖြစ်သွားခဲ့ပါတယ်။

တီရဲလ်ထန် အနေဖြင့် ကမ္ဘောဒီယားကစားသမား ရင်ဆာရုဒ် ကို စတင်ရင်ဆိုင်ချိန်တွင် ယုံကြည်မှု ပြင်းထန်သူ၊ အဝေးကွင်း လာရောက်ယှဉ်ပြိုင်ရတဲ့ ခံစားချက်မျိုးကို ယှဉ်ပြိုင်နေတဲ့ ကစားသမား နှစ်ဦးလုံး၏ မျက်နှာတွင်
ထင်ပေါ်နေတာပဲဖြစ်ပါတယ်။

အောင်လအန်ဆန်မှလည်း တတိယအချီအရောက်တွင် ပြိုင်ဘက်ကစားသမား၏ အားနည်းချက်များ ကို သေချာပြောပြနိုင်ခဲ့ပြီး တီရဲလ်ထန်အနေဖြင့် ပွဲအတွေ အကြုံအရ ဖြင့်သာ အဆုံးသတ်တဲ့ ထိုးကွက်များ၊ ချုပ်ကွက်များကို ကောင်းမွန်စွာအသုံးမချနိုင်ခဲ့ဘဲ ၊  ချုပ်ကွက်များ ဖြင့် ပြိုင်ဘက်ကိုအကြိမ်ကြိမ်  ဆွဲလှဲချနိုင်ခဲ့သော်လည်း နောက်ဆုံးအချီ ဖြစ်သည့် ၃ ချီအထိ အနိုင်အရှုံးရလဒ် မထွက်ပေါ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယှဉ်ပြိုင်ကစားခဲ့သည့် ၃ချီစလုံးတွင် တီရဲလ်ထန် အနေဖြင့် ကောင်းမွန်စွာ ကစားကွက်မျိုးစုံဖြင့် ပြိုင်ဘက် ကစားသမား ရင်ဆာရုဒ်ကို တိုက်ခိုက်နိုင်ခဲ့တာကြောင့် ဒိုင်လူကြီးအားလုံး၏ အနိုင်ပေးမူ ကို ရရှိခဲ့တာကြောင့် မြန်မာမြေပေါ်တွင်နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သတဲ့ ချင်းတိုင်းရင်းသားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

တီရဲလ်ထန်က “ ကျွန်တော်ကို အားလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လာမယ့် ပွဲတွေမှာ ဒီထက်ပိုကောင်းအောင် ကြိုးစားပါမယ်။ မြန်မာပြည်သားတွေကို ချစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆရာ အောင်လအန်ဆန်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပရိသတ်တွေကို ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အောင်လအန်ဆန် အနေဖြင့်လည်း တီရဲလ်ထန် ကို ပွဲမကစားခင်အထိ အနိုင်ရယူနိုင်မည်ပာု ၁၀၀ ရာခိုင်နှုန်း မျှော်လင့်ချက် ထားရှိကြောင်းကို မီဒီယာများထံအသိပေးပြောခဲ့တာဖြစ်ပြီး ပွဲပြီးဆုံးချိန်တွင် တီရဲလ်ထန်ကို မိဘမှ သားသမီးရဲ့အောင်မြင်မူကို ခံစားနေရသလို ခံစားချက်မျိုးဖြင့် စင်မြင့်ထက်တွင်အတူတူ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာပရိသတ်တွေ စိတ်ဝင်စားမှု အမြင့်ဆုံးရှိသည့် မြန်မာအမျိုးသမီးအက်တမ်ဝိတ်ကစားသမား အန်တိုနီယာ နဲ့ မလေးရှားကစားသမား ဘိုနီယာဖော့စ်တို႔ ယှဉ်ပြိုင်တဲ့ပွဲကိုလည်း ပရိသတ်တွေကြားထဲတွင် လူပြောအများဆုံး ဖြစ်ခဲ့တဲ့ ပွဲစဉ်တစ်ခုပါ။

ကယန်းတိုင်းရင်းသူ  အန်တိုနီယာလည်း သူ့ရဲ့ဒုတိယမြောက် MMA ပြိုင်ပွဲကို နိုင်ပွဲရရှိခဲ့ကြောင့် မြန်မာနိုင်ငံဂုဏ်ဆောင်တိုင်းရင်းသူတစ်ဦးအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။

အန်တိုနီယာနဲ့ ယှဉ်ပြိုင်သည့် ပြိုင်ဘက်မလေးရှားကစားသမား ဘိုနီယာဖော့စ်တို႔ ပွဲစဉ်မှာ ရင်သပ်ရှုမောဖွယ် ကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အန်တိုနီယာအနေနဲ့ ပြိုင်ဘက်ကစားသမားကို ပွဲစတည်းက ဖိအားပေး ကစားပေးနိုင်ခဲ့ကာ ပြိုင်ဘက်ကစားသမားအားနည်းချက်ကို ရှာပြီး ကစားကွက်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအချီအရောက်တွင် အန်တိုနီယာက ပြိုင်ဘက်ကစားသမားကို အတင်းဝင်ရောက် လူချင်းပူးပြီး အဆက်မပြတ် လက်သီးချက်များဖြင့် ဖိအားပေးထိုးစစ်ဆင်မှုပြုလုပ်နိုင်ခဲ့တာကြောင့် ဘိုနီယာဖော့စ်အနေဖြင့် ခံနိုင်ရည် မရှိတော့ဘဲ ဒိုင်လူကြီးက ဒိုင်ပွဲရပ်ဖြင့် အန်တိုနီယာ မြန်မာမြေပေါ်မှ ဒုတိယအကြိမ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီယာအနေဖြင့် သက်လုံကောင်းမွန်မှု ၊ ပြိုင်ဘက်ကစားသမားကို လက်မြန်စွာနားလည်နိုင်မှုတို့နဲ့အတူ အခွင့်အရေးကို အမိအရ အသုံးချနိုင်တာကြောင့် မြန်မာပရိသတ်တွေ မျှော်လင့်တဲ့အတိုင်း အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အောင်လအန်ဆန်လည်း ကယန်းတိုင်းရင်းသူ အန်တိုနီယာနဲ့ ပွဲအပြီးတွင် အတူတူ အောင်ပွဲခံမှုတွေကို တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။

Reign Of Valor ပြိုင်ပွဲပွဲစဉ် တွင် မြန်မာကစားသမား ၃ ဦးထဲမှာ နောက်ဆုံးကစားသမား ဖြစ်တဲ့နာမည်ကြီး လူကြိုက်များတဲ့ ကစားသမား ဖိုးသော် ဖြစ်ပါတယ်။ ဖိုးသော်က ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ က ရန်ကုန်မြို့တွင် ကျင်းပတဲ့ MMA (one Championship) ဖယ်သာဝိတ်တန်း စိန်ခေါ်ပွဲတွင် မလေးရှားဖိုက်တာ ကနူးဆူးဘားကို ပထမအချီတွင် ရှုံးနိမ့်ခဲ့တာဖြစ်တာကြောင့် မြန်မာပရိသတ်တွေကြားထဲတွင်လည်း အားမလို၊ အားမရဖြစ်မှုတွေ၊ ငြင်းခုန်မှုတွေ၊ ဝေဖန်သုံးသပ်ချက်တွေနဲ့ ဖိုးသော်ရဲ့ ယှဉ်ပြိုင်ထိုးသတ်မဲ့ပွဲအတွက် ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ စောင့်ကြည့်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာကစားသမား ဖိုးသော်က သူရဲ့ စတိုင်ဖြစ်တဲ့  ပေါ့ပေါ့ပါးပါးဖြင့် ပြိုင်ဘက်ကို လျှပ်တစ်ပြက် ထိုးချက်တွေနဲ့ ပွဲကို စတင်နိုင်မလား၊ ပြိုင်ဘက်ကစားသမားက ချုပ်ကွက်အသုံးပြုပြီး ဖိုးသော်ကို အနိုင်ယူသွားမလားဆိုတာ အားပေးတဲ့ ပရိသတ်များကြားထဲတွင် စဉ်းစားစရာဖြစ်ခဲ့ပါတယ်။

ဖိုးသော် အနေ ဖြင့် ပွဲအပြီးတွင် " ဒီပွဲမှာ အနိုင်ရတာနဲ႔ ပတ်သက်ပြီး ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော့ကို အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွတော် အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီည အရမ်းပျော်ပါတယ်။ကမ္ဘာပတ်ပြီးတော့ မြန်မာနိုင်ငံဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားသွားမှာပါ" လို့ မြန်မာပရိသတ်တွေကိုပြောခဲ့တာဖြစ်ပါတယ်။

ဖိုးသော်အနေဖြင့် ရှုံးနိုင်သည့် အနေအထားမှ နိုင်ပွဲကိုပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ထိုးသတ်ယှဉ်ပြိုင်နေသည့် ပွဲချိန်တစ်လျှောက်တွင် ပရိသတ်များ မှာ ဖိုးသော် ဖိုးသော် ဖိုးသော်  ဖြင့် အော်ပာစ်အားပေးမှုတွေ ပြုလုပ်ခဲ့တ ဖြစ်ပါတယ်။ ဒိုင်လူကြီး မှ ဖိုးသော်ကို အနိုင်ပေးလိုက်တဲ့ အချက်ပြ ထွက်ပေါ်လာခဲ့သည့် အချိန်တွင် ပရိသတ်တွေမှာ ဆူညံစွာ အော်ဟစ် အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာ့ပရိသတ်များ အနေဖြင့် ပြိုင်ပွဲဝင် မြန်မာကစားသမား ၃ ဦးလုံးကို အနိုင်ရရှိစေလိုတဲ့ စိတ်ခံစားချက်များဖြင့် ပြိုင်ပွဲတစ်လျှောက် အားပေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကွင်းအတွင်းသို႔ ကိုယ်တိုင်လာရောက်အားပေးသည့် ပရိသတ်တစ်ဦးကလည်း " MMA ပွဲတွေ ကိုသိပ်မကြည့်ဖြစ်ပါဘူး ၊ ကိုအောင်လ ဝင်ပြိုင်မှသာ ဝင်ကြည့်ဖြစ်တာပါ။ ဒီ ပွဲမှာလည်း မြန်မာကစားသမား တွေပါတယ်လေ။ သူတို႔ ကိုနိုင်စေချင်တယ်။ တစ်နှစ်မှ တစ်ခါလောက်ကြည့်ရတာဆိုတော့ သူတို့ကိုအားပေးဖို႔ ရောက်လာတာပါ " လို့ ပြောပါတယ်။
 
မြန်မာကစားသမား ၃ဦး ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ခဲ့တဲ့ ကမ္ဘာ့ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲကို ကြည့်လိုက်လျှင်ကစားသမား ၁ ဦးလျှင် တစ်မျိုးစီ ထူးချွန်မှုတွေ ရှိခဲ့ကြတာဖြစ်ပြီး ၊ အဓိက မှ နိုင်လိုစိတ်ပြင်းထန်မှု တွေကို ထင်ထင်ရှားရှား တွေ့ရှိရတာပဲဖြစ်ပါတယ်။ ချင်းတိုင်းရင်းသား တီရဲလ်ထန် အနေဖြင့် နပန်းဖြင့် ပြိုင်ပွဲတွင်ဆုတံဆိပ် ရခဲ့ဖူးပြီး MMA ပြိုင်ပွဲ အတွေ ့အကြုံမရှိလို့သာ ၃ချီအပြည့် ထိ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ ကျန်ကစားသမား နှစ်ဦးက ပွဲအတွေ့အကြုံများ ရှိတဲ့အတွက် အခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချနိုင်တယ်လို႔ ပြောဆိုရမှာပဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တွင် မြန်မာအားကစားလောကအတွင် ပထမဆုံးဂုဏ်ထူးဆောင်နိုင်တဲ့ အားကစားသမား တွေထဲတွင် MMA ကစားသမားဖြစ်ကြသည့် ချင်းတိုင်းရင်းသား တီရဲလ်ထန်၊ကယန်းတိုင်းရင်းသူ အန်တိုနီယာ ၊ ဖိုးသော် တို႔ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် အစတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ၊ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း နဲ့ ယခု MMA ကစားသမား၃ ဦးတို႔က မြန်မာဂုဏ်ဆောင်နိုင်ခဲ့ကြတဲ့ ကစားသမားတွေ ပဲဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly