တောင်ဆူဒန်မှာ အရပ်သားတွေကို ပစ်သတ်တဲ့ စစ်သားတွေကို စစ်ခုံရုံးက သေဒဏ်ပေး

တောင်ဆူဒန်မှာ အရပ်သားတွေကို ပစ်သတ်တဲ့ စစ်သားတွေကို စစ်ခုံရုံးက သေဒဏ်ပေး

ဂျူဘာ၊ မတ် ၉ ။        ။ တောင်ဆူဒန်စစ်ခုရုံးဟာ အရပ်သားနှစ်ဦးကို တိုက်ခိုက််သတ်ဖြတ်ခဲ့တဲ့ စစ်သားသုံးဦးကို သေနတ်ပစ်သုတ်သင််ရေးအဖွဲ့နဲ့ သေဒဏ်ပေးပြီး လေးယောက်မြောက်စစ်သားကိုတော့ ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အရပ်သားနှစ်ဦးကို ၎င်းတို့ရဲ့ နေအိမ်တွေမှာ ပစ္စည်းယူဓားပြတိုက်တဲ့ ရည်ရွယ်ချက်နဲ့ အဆိုပါ စစ်သားတွေက သတ်ဖြတ်ခဲ့ကြတာပါ။

လူအုပ်စုဂိုဏ်းတစ်ဂိုဏ်း အသက် ကိုးလအရွယ် ကလေးမအေ လီလန်လူရက်နဲ့ နေအိမ်နဲ့ အေယိုမာဂျက််ဆိုသူတို့ရဲ့ နေအိမ်တွေကို စီးနင်းဓားပြတိုက်ပြီး သတ်ဖြတ်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စစ်သားလေးဦးနဲ့အတူ အပေါင်းအပါအဖြစ်  ကျူးလွန်တဲ့ အရပ်သားနှစ်ဦးကိုလည်း ပြစ််ဒဏ်အသီးသီး ချမှတ်ခဲ့ရာမှာ တစ်ဦးကို သေဒဏ်ပေးတာဖြစ်ပြီး ကျန်တစ်ဦးကိုတော့ ထောင်ဒဏ် ရှစ်လ ချမှတ်ခဲ့ပါတယ်။

ကျူးလွန်တဲ့ စစ်သားလေးဦးမှာ နှစ်ဦးက တပ်ကြပ်ကြီးအဆင့်သူတွေ ဖြစ်ပြီး ၎င်းတို့အားလုံးကို စစ်တပ်ကနေ ထုတ်ပယ်ထားခဲ့တာပါ။

တောင်ဆူဒန်မြို့တော် ဂျူဘားနဲ့ အခြားနေရာတွေက လူနေရပ်ကွက်တွေကို အကြမ်းဖက်မှု ကျူးလွန်တဲ့ စစ်သားတွေကို ပထမဆုံးအဖြစ် ပြစ်ဒဏ်စီရင်လိုက်တာဖြစ်ကြောင်း  စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဆန်တိုဒိုမစ်က ပြောပါတယ်။

“ဒါဟာဆိုရင် တောင်ဆူဒန်စစ်တပ်ဟာ ရာဇဝတ်မှုတွေ ကျူးလွန်တာ လက်မခံဘူးဆိုတာကို ပြသလိုက်တာပါ။”လို့ စီရင်ချက် ချအပြီးမှာ ၎င်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly