ဘန်ကောက်မြို့တော် နယ်မြေ ၉ ခုတွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်

ဘန်ကောက်မြို့တော် နယ်မြေ ၉ ခုတွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်

အောက်တိုဘာ ၃ ။         ။ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်၏ နယ်မြေ ကိုးခုတွင် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိပြီး အပူပိုင်းမုန်တိုင်း မူဂျီဂေးကြောင့် လာမည့် ရက်များအတွက် မိုးသည်ထန်စွာ ဆက်လက် ရွာသွန်းနိုင်သေးကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားသည်။

မြို့တော်အတွင်း အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီဝန်းကျင်က မိုးများစတင်ရွာသွန်းခဲ့ပြီး နှစ်နာရီအကြာ တွင် ရေကြီးမှုဖြစ်ပွားခဲ့သည်။ ရေလွှမ်းမိုးမှုဖြစ်ပွားသည့် နယ်မြေများတွင် ဘန်ကောက်မြို့လယ် အရပ်များလည်း ပါဝင်ကြောင်း သိရသည်။

မူဂျီဂေးမုန်တိုင်းသည် တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပွားနေပြီး နိုဝင်ဘာ ၄ ရက်သို့ မဟုတ် ၅ ရက်တို့တွင် ဗီယက်နမ်မြောက်ပိုင်းသို့ ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးများ ရွားသွန်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly