တန်းတူညီမျှ အခွင့်အရေးအတွက် တိုက်ပွဲဝင်တဲ့ ကမ္ဘာ့တစ်ဝန်းက အမျိုးသမီးများနေ့

တန်းတူညီမျှ အခွင့်အရေးအတွက် တိုက်ပွဲဝင်တဲ့ ကမ္ဘာ့တစ်ဝန်းက အမျိုးသမီးများနေ့

ပါရီ၊ မတ် ၉ ။        ။    ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်မှုတွေ၊ တောင်းဆိုမှုတွေက ကမ္ဘာ့တစ်ဝန်းက နိုင်ငံတကာအမျိုးသမီးနေ့ရဲ့ သရုပ်သကန် ဖြစ်ခဲ့ပါတယ်။ တန်းတူညီမျှမှု ရရှိရေးအတွက် ကမ္ဘာ့တစ်ဝန်းက အမျိုးသမီးတွေ အင်အား ပြသလိုက်ရာ နေ့လည်းပဲ ဖြစ်ပါတယ်။

ဒီနေရာကနေ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ကမ္ဘာ့တစ်ဝန်းက ဖြစ်ရပ်ဖြစ်စဉ်အချို့ကို ဖော်ပြပေးသွားပါမယ်။

တူရကီမှာဆိုရင်တော့ သောကြာနေ့က အမျိုးသမီးများနေ့ ဆန္ဒပြမှုတွေကို လူအုပ်ခွဲဖို့ အာဏာပိုင်တွေက ကြိုးစားခဲ့ရပါတယ်။ အန်ကာရာမြို့က စျေးဆိုင်ခန်းတွေနဲ့ စည်ကားရာ အစ််တီလယ်ရိပ်သာလမ်းမကြီးမှာ ဆန္ဒပြလူပင်လယ်ကို ရဲတွေက မျက်ရည်ယိုဗုံးတေတွနဲ့ ဖြိုခွင်းခဲ့ပါတယ်။

အမျိုးသမီးများ တန်းတူညီတူ အခွင့်အရေး ရရှိရေးအတွက်် ဆန္ဒဖော်ထုတ်ကြတဲ့သူတွေက “ငါတို့ စကားသံ ဆွံအမနေဘူး။ ငါတို့ မကြောက်ဘူး။ ငါတို့ ဒူးမထောက်ဘူး။”စတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးကြပါတယ်။

စပိန်နိုင်ငံတစ်ဝန်းမှာလည်း သာတူညီမျှ အခွင့်အရေးအတွက် အမျိုးသမီးထုက ဆန္ဒပြကြပါတယ်။ ခရစ်ယာန်သီလရှင်ကနေ ဂျာနယ်လစ်အထိ ပါဝင်တဲ့  ဒီဆန္ဒဖော်ထုတ်မှုမှာ မက်ဒရစ်မြို့တော်ဝန်တောင် ပါဝင်ခဲ့ပါတယ်။ မက်ဒရစ်နဲ့ ဘာစီလိုနာမှာ အမျိုးသမီးများနေ့ ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်အား သန်းတစ်ဝက်် ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြင်သစ်မှာဆိုရင်လည်း  ပါရီက လမ်းပေါ်မှာ ဆန္ဒပြမှုတွေကို မြင်တွေ့ရပါတယ်။ “တန်းတူအခွင့်အရေးပေး၊ တန်းတူအလုပ်အကိုင် ပေး၊ ငါတို့ ဘယ်တော့မှ ထပ်ပြီး နှုတ်ဆိတ်နေမှာ မဟုတ်”ဆိုကာ ကြွေးကြော်ပြီး ဆန္ဒပြကြတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက လူအင်အား လေးထောင်လောက်ရှိတဲ့ ဆန္ဒပြသူတွေကတော့ သမ္မတ ဒူတာတေးကို ဆန့်ကျင် ကန့်ကွက်ပြီး ဆန္ဒဖော်ထုတ်ကြတာ ဖြစ်ပါတယ်။ ဒူတာတေးရဲ့ မုဒိမ်းမှုအကြောင်းကို ဟာသလုပ်ပြောတာတွေ၊ ဆယ်ကျော်သက်အရွယ်မှာ အိမ်ဖော်အမျိုးသမီးကို ထိတွေ့ကိုင်တွယ်ဖူးတာတွေ ပြောထားချက်တွေအပေါ် ခုလို ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။

ချီလီ၊ ဘရာဇီး၊ ဥရုဂွေး၊ မြောက်ကိုရီးယားစတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ နိုင်ငံတကာအမျိုးသမီးများနေ့ကို ဆင်နွှဲကြပြီး ကမ္ဘာ့တစ်ချို့သောနိုင်ငံတွေမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ တန်းတူညီမျှ အခွင့်အရေး ရရှိရေး တိုက်ပွဲဝင် ဆန္ဒဖော်ထုတ်ရင်း ဒီတစ်နှစ်ရဲ့ အမျိုးသမီးများနေ့ကို ဆင်နွှဲကျင်းပလိုက်ကြတာပဲ ဖြစ်ပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly