ကောင်းမွန်တဲ့ သဘောတူညီချက််မရှိရင် တရုတ်နဲ့ ကုန်သွယ်ရေးပဋိညာဉ်ကို လက်မှတ်ထိုးမှာ မဟုတ်လို့ ထရမ့် ပြော

ကောင်းမွန်တဲ့ သဘောတူညီချက််မရှိရင် တရုတ်နဲ့ ကုန်သွယ်ရေးပဋိညာဉ်ကို လက်မှတ်ထိုးမှာ မဟုတ်လို့ ထရမ့် ပြော

၀ါရှင်တန်၊ မတ် ၉ ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနဲ့ လတွေ ကြာရှည်စွာ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ဖြေရှင်းရာမှာ ကောင်းမွန်တဲ့ သဘောတူညီမှု မရှိရင် ဘယ်ပဋိညာဉ်ကိုမှ လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ သောကြာနေ့မှာ ပြောလိုက်ပါတယ်။

“ကျွန်တော် ခု ဆွေးနွေးပွဲတွေအပေါ် ယုံကြည်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ သဘောတူညီမှု မရှိရင်တော့ ကျွန်တော်ဖက်က လက်မှတ်ထိုးမှှာ မဟုတ်ဘူး။”လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတာပါ။

အမေရိကန်နဲ့ တရုတ် တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ် အဆုံးသတ်နိုင်ဖို့ ဆွေးနွေးရာမှာ ကောင်းမွန်တဲ့ ခြေလှမ်းတွေ လှမ်းထားနိုင််ပြီ ဖြစ်ကြောင်း ပြောကြပေမယ့် ပေကျင်းမှာရှိတဲ့ အမေရိကန်သံတမန်တစ်ဦးက နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီမှု ထွက်ပေါ်လာတော့မယ်လို့ ပြောဖို့ရန် စောသေးကြောင်း ဆိုထားပါတယ်။

ကမ္ဘာ့စီးပွားရေးအကြီးဆုံး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ထုတ်ကုန်တွေကို သွင်းကုန်ခွန် အသီးသီး တိုးမြှင့်ပြဌာန်းရင်း ကုန်သွယ်ရေးစစ် ခင်းနေခဲ့ကြတာပါ။

အာဂျင်တီးနားမှာ သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီးနောက်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ဆွေးနွေးပွဲတွေဟာ အလားအလာကောင်းကြောင်း သမ္မတ ထရမ့်က ပြောဆိုရင်း မတ် ၁ ရက်မှာ တရုတ်ရဲ့ နောက်ထပ်ထုတ််ကုန်တွေအပေါ် သွင်းကုန်ခွန် စည်းကြပ်မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly