တစ်ပတ်အတွင်း အပူချိန်မြင့်တက်နိုင်ပြီး ကြိုပြင်ဆင်ထားရန် ဒေါက်တာထွန်းလွင် သတိပေး

တစ်ပတ်အတွင်း အပူချိန်မြင့်တက်နိုင်ပြီး ကြိုပြင်ဆင်ထားရန် ဒေါက်တာထွန်းလွင် သတိပေး

မတ်လ ၈ ရက် ။          ။ အပူချိန် ၄၀ မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်များ တိုးလာတော့မည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မတ်လ ၈ ရက်က သတိပေးလိုက်သည်။

မတ်လ ၇ ရက်မှ ၁၃ ရက်နေ့အထိ ရက်တစ်ပတ်အတွင်း အမြင့်ဆုံးနေ့အပူချိန်ခန့်မှန်းချက်များမှာ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်အလယ်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် မြောက်ပိုင်း၊ တနင်္သာရီတိုင်းတောင်ပိုင်းတို့တွင် အပူချိန် ၄၀ မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်သည်။

မကွေးတိုင်း မြောက်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း/တောင်ပိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်း၊ တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသများတွင် အပူချိန် ၃၅ မှ ၄၀ ဒီဂရီစင်တီဂရိတ် အထိ ရှိနိုင်သည်။

ကျန်ဒေသများတွင် အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ကြောင်း မတ်လ ၈ ရက်၊ ည ၇ နာရီခွဲခန့်က ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

အပူချိန်မြင့်တက်မှုကို သတိထားကြရန် သတိပေးထားပြီး အပူမြင့်တက်ခြင်းအပေါ် ကျန်းမာရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ မီးဘေးအန္တရာယ် စသည်တို့ကို သတိပြုရန် ၊ ကြိုတင် ကာကွယ်နိုင်ရန် လုပ်ငန်းစီမံချက်များ ဌာနပေါင်းစုံ ပြင်ဆင်ထားသင့်ကြောင်း ဒေါက်တာထွန်းလွင်က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly