စာသင်ကျောင်းများဆောက်လုပ်ရာတွင် ခွင့်ပြုငွေနှင့် မလုံလောက်ပါက မည်သို့ ဆောင်ရွက်မည်ကို မေးခွန်းထုတ်

စာသင်ကျောင်းများဆောက်လုပ်ရာတွင် ခွင့်ပြုငွေနှင့် မလုံလောက်ပါက မည်သို့ ဆောင်ရွက်မည်ကို မေးခွန်းထုတ်

ပုသိမ်၊ မတ် ၈ ။        ။     စာသင်ကျောင်းများ ခွင့်ပြုငွေနှင့် မလုံလောက်တော့သဖြင့် တစ်ပိုင်းတစ်စ ဖြစ်ကျန်ခဲ့ခြင်းမရှိစေရန် တာဝန်ယူမှု၊တာဝန်ခံမှုများနှင့် မည့်သို႔ ဆောင်ရွက်မည်ကို အိမ်မဲမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါ်ရီရီထွန်းက ကျင်းပစဲ တိုင်းလွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

“ဧရာဝတီတိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် တိုင်းဒေသကြီးအစိုးရ မှSOP စနစ်ဖြင့်ဆောက်လုပ်နိုင်ရန် မူဝါဒများ၊စည်းမျဉ်းစည်းကမ်းလမ်းညွန်ချက်များ ရေးဆွဲထုတ်ပြန်ခဲ့ပြီး စီမံ ဆောင်ရွက်ချက်ရှိပါတယ်။ ၄င်းကဲ့သို႔ ဆောင်ရွက်သော အစီအမံသည် အရည်အသွေးပြည့်ဝပြီး ပိုမိုကောင်းမွန် သော စနစ်ဖြစ်ကြောင်းကိုလေ့လာမိပါသည်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော ပညာရေး ဝန်ကြီးဌာနလက်အောက်ရှိ စာသင်ကျောင်းများမှာ မူလခွင့်ပြုဘဏ္ဍာငွေဖြင့်မလုံလောက်နိုင်သဖြင့် လုပ်ငန်းများ လျော့ ဆောင်ရွက်မည်ဆိုလျှင် ပြည်ထောင်စုဝန်ကြီးဌာန လမ်းညွန်ဖြစ်သော ခွင့်ပြုထားသော ရန်ပုံငွေဖြင့် အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းများလျော့ဆောင်ရွက်ခြင်းကို ခွင့်မပြုကြောင်း ညွန်ကြားထား သည်ဟု ကြားသိရပြီး၊မြေပြင်တွင် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာသိရှိ ရပါသည်”ဟု ဒေါ်ရီရီထွန်းက ပြောသည်။

အထက်ပါအခက်အခဲများကြောင့် ယခုနှစ်တင်ဒါခေါ်ယူရာတွင် စာသင်ကျောင်းပေါင်း ၉ဝကျော်ခန်႔ တင်ဒါ ဝင်ရောက်လျောက်ထားခြင်းမရှိသေးကြောင်းသိရှိရပါသည် ဟု မေးခွန်းရှင်ဒေါ်ရီရီထွန်းက ဆက်ပြောသည်။

“ဘက်ဂျက်မှရရှိတဲ႔ PAE ထက်ပိုပြီးလိုအပ်လာမယ့်ကျောင်းများရှိသလို PAE အတိုင်း ဆောက်လုပ်နိုင်မယ့် ကျောင်းများ ရှိတာဖြစ်ပါတယ်။ PAEလိုအပ်လာတဲ့ ကျောင်းများရှိပါက ထပ်မံဖြည့်စွက်ရန်ပုံငွေ တောင်းခံခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ႔ အစည်းအဝေးဆုံးဖြတ်ချက်နဲ႔ ပညာရေးဝန်ကြီးဌာနသို႔  တင်ပြ တောင်းခံနိုင်ရန် စီစဉ်ထားရှိပါတယ်။ ဒုတိယအကြိမ် တင်ဒါလျှောက်ထားမှုမရှိသည့်ကျောင်းများကို ပြန်လည်အပ်နှံသွားမည် ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြန်လည် ဖြေဆိုခဲ့သည်။

၂၀၁၇-၁၈ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာန သတ်မှတ်ထားသောပုံစံနှင့်သတ်မှတ်ခွင့်ပြုငွေအပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပုံစံပြောင်းဆောက်လုပ်သည့်အခါ လုပ်ငန်းများလျော့ဆောင်ရွက်ခဲ့သဖြင့် ယခု အချိန်ထိအပြီးမသတ်နိုင်သေးသည့် ကျောင်းပေါင်း ဧရာဝတီတိုင်းဒေသကြီးတွင် ၁၆၃ကျောင်းရှိကြောင်းသိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly