Little Sheep ဟော့ပေါ့ မြန်မာပြည်ဆိုင်ခွဲကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

Little Sheep ဟော့ပေါ့ မြန်မာပြည်ဆိုင်ခွဲကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

မတ်လ ၈ ရက် ။             ။ သိုးသားဟော့ပေါ့ရရှိနိုင်သည့် နာမည်ကြီး ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို မြန်မာနိုင်ငံဆိုင်ခွဲအဖြစ် မတ်လ ၈ ရက်နေ့တွင် အမှတ် ၁၄/၁၄ (ဘီ) ကမ္ဘောဇလမ်း၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၌ ရိုးမလုပ်ငန်းစုမှ စတင်ဖွင့်လှစ်လိုက်သည်။

Little Sheep သည် အနံ့အရသာ ၅ မျိုးနှင့် ကမ္ဘာအနှံ့ရှိ ဟင်းခတ်အမွှေးအကြိုင် ၇ မျိုးတို့ကို အသုံးပြု၍ ပေါင်းစပ် ချက်ပြုတ်ထားသော ဟင်းရည်အနှစ်ကြောင့် နာမည်ကြီးပြီး မွန်ဂိုလီးယားဒေသမှ သိုးသားဖြင့် စားသုံးနိုင်သော ဟော့ပေါ့ ဖြစ်သည်။

“ကျွန်တော်တို့အနေဖြင့် ကမ္ဘာ့နာမည်အကြီးဆုံး ဟော့ပေါ့ စားသောက်ဆိုင်များအနက် တစ်ခုဖြစ်သည့် Little Sheep ကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာနိုင်ခြင်း အတွက် စိတ်လှုပ်ရှားမိပါတယ်။ Little Shee ဟော့ပေါ့သည် ကျွန်တော်တို့ F&B ၏ ရှိရင်းစွဲ အမှတ်တံဆိပ်များ ဖြစ်သည့် YKKO ၊ KFC နှင့် မကြာသေးမီမှ ဖွင့်လှစ်ခဲ့သည့် Auntie Anne’s တို့နှင့်လည်း ကိုက်ညီမှုရှိသည်” ဟု Yoma Strategic ၏ CEO ဖြစ်သူ Melvyn Pun က  ပြောသည်။

ပြည်ပမှ တင်သွင်းသည့် သိုးသားနှင့် ပြည်တွင်းရှိ ဝက်သား၊ ကြက်သား နှင့် အမဲသားတို့ကို Little Sheep တွင် ရရှိနိုင်ပြီး မွန်ဂိုလီးယားဟင်းလျာများဖြစ်သည့် အသားကင်နှင့် သိုးသားထမင်းကြော်တို့ကိုလည်း ရရှိနိုင်သည်။ သက်သက်လွတ်စားသူများအတွက်လည်း မှိုအရသာဟင်းရည်နှင့် လိုက်ဖက်မည့် မှိုများ၊ တို့ဖူးနှင့် မျှစ်စို့ အစရှိသည့် စားစရာပေါင်းများစွာကို သုံးဆောင်နိုင်မည် ဖြစ်သည်။

အဆိုပါ ဆိုင်ကို နံနက် ၁၁ နာရီမှ ညနေ ၁၁ နာရီအထိ ဖွင့်လှစ်ပြီး စားသုံးသူပေါင်း ၁၆၂ ယောက်အထိ  စားသုံးနိုင်အောင် ကျယ်ဝန်းပြီး VIP အခန်း ၃ ခန်းလည်းရှိကာ မိသားစုများလည်း စားသုံးနိုင်သည်။

ဆိုင်ဖွင့်ပြီး မတ်လ ၉ ရက်နေ့တွင် ၂၀% လျော့စျေးဖြင့်လည်းကောင်း၊ မတ်လ ၉ ရက်နေ့မှ ၁၆ ရက်နေ့အထိကို ၁၅% လျော့စျေးဖြင့်လည်းကောင်း သုံးဆောင်နိုင်သည့်အပြင် ကံစမ်းမဲအစီအစဉ်များကို မတ်လ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

Yoma Strategic သည် Little Sheep ၏ အဓိကမိတ်ဖက်ကိုယ်စားလှယ်ဖြစ်ပြီး YKKO ဆိုင်ခွဲပေါင်း ၃၇ ဆိုင် ၊ KFC ဆိုင်ခွဲပေါင်း ၃၃ ဆိုင် နှင့်  မကြာသေးမီက ဖွင့်လှစ်ထားသည့် Auntie Anne တို့နှင့်အတူ Yoma Strategic ၏ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းတွင် ပါဝင်လာမည်ဖြစ်သည်။

 Little Sheep ဟော့ပေါ့တွင် ကြိုတင်ဘိုကင်တင်လိုပါက ၀၉ ၄၄၃ ၃၉၉ ၇၀၁ (သို့) ၀၉ ၄၄၃ ၃၉၉ ၇၀၂ သို့ဆက်သွယ် နိုင်ပြီး www.facebook.com/LittleSheepMyanmar/ သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။

Little Sheep ကို ၁၉၉၉ ခုနှစ်တွင် မွန်ဂိုးလီးယားနိုင်ငံ အတွင်းပိုင်း၌ စတင်တည်ထောင်ခဲ့ပြီး Shanghai၊ Hong Kong၊ Tokyo၊ New York၊ Toronto၊ Melbourne နှင့် Ulaanbaatar အစရှိသည့် ဒေသပေါင်း ၁၂၀ တွင် ဆိုင်ခွဲပေါင်း ၃၀၀ နီးပါး ဖွင့်လှစ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly