တီရဲလ်ထန် ၁၀၀ ရာခိုင်နှုန်းပြည့် အနိုင်ရရှိမည်ဟု အောင်လအန်ဆန် ယုံကြည်

တီရဲလ်ထန် ၁၀၀ ရာခိုင်နှုန်းပြည့် အနိုင်ရရှိမည်ဟု အောင်လအန်ဆန် ယုံကြည်
ဓာတ်ပုံ - သူရ /မဇ္ဈိမ

ရန်ကုန်၊ မတ်လ ၈ ။        ။ MMA One Championship ပထမဆုံး ထိုးသတ်မည့်ပွဲအတွက် တီရဲလ်ထန်အနေဖြင့် ၁၀၀ ရာခိုင်နှုန်းပြည့် အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း အောင်လအန်ဆန်က ပြောသည်။

'' မျှော်လင့်တာက သူ ဒီည ၁၀၀ ရာခိုင်နှုန်း နိုင်မယ်လို ့ မျှော်လင့်ပါတယ်။ One Championship မှာ ပထမဆုံးပွဲ ဖြစ်ပေမဲ့ သူဟာ ကစားတာတော်တော်ကြာနေပါပြီ။ သူ့ကို ကောင်းကောင်းမွန်မွန် သင်ပေးထားတယ်။ သူရဲ့ တိုက်ခိုက်ပုံ၊ လက်ဝှေ့ပညာရပ်ကို သူ ကောင်းကောင်းမွန်မွန်သင်ထားတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိပါတယ်။ တီရယ်လ်ရဲ့ ပြိုင်ဘက် Skill Level ကို ကျွန်တော်သိပါတယ်။
 သူ့ကို ကောင်းကောင်းမွန်မွန် ပြိုင်နိုင်အောင် ပညာတွေ သင်ပေးထားပါတယ် " ဟု အောင်လအန်ဆန် က ပြောသည်။

မတ်လ ၈ ရက်နေ့၊ ည ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ ၁ မှာ ကျင်းပပြုလုပ်မည့် MMA ပြိုင်ပွဲ   One Championship Reign of Valor ပြိုင်ပွဲမှာ ချင်းကစားသမားသစ် တီရဲလ်ထန် (Tial Thang Zathang ) က ကမ္ဘောဒီးယား တိုက်ခိုက်ရေးကစားသမား Rin Saroth နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။

တီရဲလ်ထန်က '' အခု ကိုအောင်လ ကျွန်တော်အနားမှာ ရှိလို ့ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ပြီးရင် ကျွန်တော်လည်း ဒီပွဲကို နိုင်ဖို ့၁၀၀ ရာခိုင်နှုန်း နိုင်ဖို ့ယုံကြည်မူ ရှိပါတယ် " ပာု ပြောသည်။

လက်ရှိအချိန်တွင် မြန်မာပရိသတ်များ၏ စိတ်ဝင်စားမူအများဆုံးခံထားရသည့် အောင်လအန်ဆန် က လေ့ကျင့်သင်ကြားပေးထားသည့် တီရဲလ်ထန်၏ ပထမဆုံး ပါဝင် ယှဉ်ပြိုင်ထိုးမည် MMA ပွဲစဉ်ကို မြန်မာ ပရိသတ်များ စိတ်ဝင်စားမှု မြင့်တင်နေတာဖြစ်ပြီး လူမူကွန်ယက်စာမျက်နှာများတွင် ဝေဖန်သုံးသပ်နေကြသည်။

Tial Thang Zathang ကို မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို ့မှ မွေးဖွားခဲ့တာဖြစ်ပြီး ဇနီး၊ သားသမီး ၂ ဦးနှင့် အမေရိကန်နိုင်ငံမှာ နေထိုင်သူ ဖြစ်သည်။

One Championship Reign of Valor ပြိုင်ပွဲတွင် မြန်မာကစားသမားတွေ ဖြစ်သော ဖိုးသော်က အင်ဒိုနီးရှား တိုက်ခိုက်ရေး ကစားသမား Yohan Mulia legowo နှင့် ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး အန်တိုနီယာအနေဖြင့် မလေးရှားကစားသမား Boiface နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly